"တောက်စ်!!"
နွယ်က စာရွက်စာတန်းတစ်ခုကို စားပွဲခုံပေါ်ပစ်ချလိုက်ပြီး
"မင်းတို့ စောက်လုပ်ကို ဘယ်လိုလုပ်နေကြတာလဲ!!"
နွယ့်အသံမှာ ဒေါသသံတို့ပြေးနေကြောင်းထင်ရှားနေသည် နွယ်၏ဘေး၌ ဝန်ထမ်းကောင်လေးရှိနေသည် နွယ်က ထိုကောင်လေးကို စိုက်ကြည့်လိုက်ရင်း
"ဒီစာချုပ်ကို ဘယ်သူရေးတာလဲ"
"ကျွန်တော်ပါ..."
နွယ်က စာရွက်ကို လက်ညိုးထောက်ပြပြီး
"နိုင်ငံခြားက ရှယ်ယာရှင်မျာဖြင့်ဖက်စက်၍လို့ ငါ့ပါးစပ်က သေချာပြောတယ်နော် အခုဘယ်လိုဖြစ်တာလဲ"
"ဟို မန်နေဂျာ..."
နွယ်က စားပွဲခုံကို လက်ဖြင့်ထုချလိုက်ပြီး
"ဆင်ခြေပေးတာကို ငါအမုန်းဆုံးဘဲလို့ မင်းတို့ကိုပြောထားပြီးသား ဒီစာချုပ်ကို ငါလက်မှတ်ထိုးလိုက်ရင် ဘာဖြစ်သွားမလဲ မင်းသိလား!!"
"ဟုတ်...ဟုတ်ကဲ့မသိပါဘူး"
"ဟမ် မင်း! အလုပ်ကိုပေါ့ပျက်ပျက်လုပ်နေမယ်ဆိုရင် မင်းဒီCompany ကထွက်သွားလိုက်!"
"သူဌေး ကျွန်တော်..."
"မင်းပါးစပ်ကိုပိတ်ထား!! နောက်ထပ် ဘာဆင်ခြေမှ ငါမကြားချင်ဘူး!"
"ဟုတ်ကဲ့..."
"ဒီမှာ မင်း ငါ့မျက်နာကိုကြည့်စမ်း ငါကဒီCompany ရဲ့ဥက္ကဌ မင်းတို့ကို ကျန်တဲ့နေရာတွေမှာ Free Done ပေးထားတယ် အေး ငါ့အလုပ်ကို ပေါ့ပျက်ပျက်လာမလုပ်နဲ့!!"
"နောက်ဆို ဆင်ခြေပါ့မယ်"
နွယ်ကဒေါသထွက်စွာဖြင့်
"ကျစ်! မင်းသွားတော့ အကုန်လုံးကိုအရေးပေါ်အစည်းအဝေးလို့ပြောလိုက် အေး တစ်မိနစ်နောက်ကျတာနဲ့ ငါ့Company မှာ ဆက်မနေရဘူးသာမှတ်ထား"
ထိုကောင်လေးထွက်သွားပြီးနောက်များမကြာခင် ဝန်ထမ်းများ ခေါင်းငုံလက်ပိုက်ကာ တစ်ယောက်ချင်းဝင်လာကြသည် အစည်းအဝေးခန်းထိပ်ဆုံးမှာ နွယ်က စားပွဲခုံကို လက်တစ်ဖက်ထောက်ကာ သူတို့ကို ကြည့်နေသည်။ လူစုံတာနဲ့
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romansa"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii