Episode - 16

299 8 0
                                    

တင်းတင်းဆေ့ထားတတ်သော နှုတ်ခမ်းတစ်စုံကလည်း သွားတက်လေးများ ပေါ်သည်အထိ ပြုံးရီနေရာ နွယ်က ၅နှစ်အရွယ်ကလေးငယ်လေး အလား ပင် မေကတော့ ကလေးငယ်လေးလို ဖြစ်နေသော အမျိုးသမီးအား ကြည့်နေမိသည် သူ့ရဲ့ရင်ထဲက မမ ဆိုသော နွယ်သည် နေရာယူသွားစေခဲ့ပြီ

"အဖေရေ"

"ဗျာ ဗျာ့ ‌အဖေ့ချစ်သမီးလေးရေ"

"ဟင် မေ့နေပြီလား နွယ့်မွေးနေ့တိုင်း ‌အဖေက အနမ်းပေးနေကြလေ"

နွယ်က မျက်နာလေးမဲ့ကာ ငိုသံလေးနဲ့ပြောလိုက်သဖြင့် ဦးမင်းသန့်မောင် က တဟားဟားရီမောလိုက်ရင်း

"ဘယ်မေ့ပါ့မလဲ သမီးလေးရယ် ကလေးလေးကျနေတာဘဲ ငိုမဲ့မဲ့နဲ့ကွယ်"

"ဟင့် မသိပါဘူးနော် အဖေနဲ့ဆို သမီးက ကလေးလေးဘဲ"

ဖခင်ကို တင်းကြပ်စွာဖက်ထားရင်း ဆိုလိုက်သော ‌နွယ့်ကို ဦးမင်းသန့်မောင်က အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်လိုက်ပြီး

"‌အဖေ့မေတ္တာငယ်လေး"

နွယ်က ဖခင်ရဲ့ ရင်ခွင်မှ ထွက်၍ မေ့အားပြေးဖက်လိုက်ပြန်ပြီး

"ငယ်"

တယောလိုချွဲသော အသံမျိုးးဖြင့် ခေါ်သံကြောင့်

"ရှင်"

" မမ ကို အာဘွားပေး "

"ရှင်!!!"

"မမ ကို အာဘွားပေးပါဆို ငယ်နော် ကို ဆွဲနမ်းပစ်မှာ မပေးရန်"

နွယ်က ပြောလိုက်ရာ မေက ပြာပြာသလဲ

"ပေးမှာပေါ့ မမရယ် တကယ့်ကလေးလိုဘဲ"

"ဒါဆို ခုပေး!!"

"ရွှတ်!!"

"သိပ်ချစ်တယ်ငယ် အများကြီးချစ်တယ်"

"ငယ်လည်း မမ ကို သိပ်ချစ်ပါတယ် ပြီးတော့ အများကြီးလည်း မြတ်နိုးတယ်မမ"

သူတို့ အတွဲလေးအား ကျန်လူများပီတိဖြစ်နေကြသည်ဦးလွင်ဟန်နဲ့ဦးမင်းသန့်မောင်တို့ကတော့ ကြည်နူးနေကြသည် ပျော်စရာကောင်းသောနွယ့်ရဲ့ မွေးနေ့လေးပင်ထိုစဉ်

"ပျော်စရာလေးမွေးနေ့လေးပါ ‌နွယ်မူယာပိုင်"

ထိုအသံကြောင့် နွယ်မျက်နာ ချက်ချင်းတင်းမာသွားသည် ဦးသီဟရဲ့အသံပင် နွယ်က မေ့ရင်ခွင်ထဲမှ ထွက်ကာ ဧည့်ခန်းထဲကိုလျှောက်လာသော ဦးသီဟတို့အုပ်စုအား စိုက်ကြည့်နေသည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now