Episode - 42

215 9 0
                                    

ထိုစဉ်

"အကိုကြီး"

အခန်းထဲသို့ပြာရိပြာယာဝင်လာသောပုံစံကြောင့်

"ဟျောင့် ဘာဖြစ်လာတာလဲ"

"နွယ်......နွယ်မူယာပိုင် မသေဘူး အကိုကြီး"

စိုးရကအရက်ခွက်ကို ဆောင့်ချလိုက်ရင်း

"ဒီမိန်းမ ဘာလို့ဒီလောက်တောင် အသက်ပြင်းနေရတာလဲ"

စိုးရက ရုတ်တရက်ပြုံးလိုက်သည် ထိုအပြုံး၌ ယုတ်မာသော အကြံအစည်များရှိနေချေသည်

၃ရက်ခန့်အကြာတွင်

"‌နွယ်.."

"ရှင် အဖေ"

ဦးမင်းသန့်မောင်က နွယ့်လက်ကိုကိုင်လိုက်ရင်း

"အဖေ့ဘဝများ သမီးအမေကိုလည်း ဦးသီဟကြောင့် ဆုံးရှုံးခဲ့ရပြီးပြီ အခုလည်း သမီးကို ထပ်ပြီး ဆုံးရှုံးကပြီထင်ခဲ့တာ....."

နွယ်က ဦးမင်းသန့်မောင်ရဲ့လက်အားဆုတ်ကိုင်လိုက်ရင်း

"အဲ့လိုနည်းနဲ့တော့ သမီးမသေဘူး အဖေ."

"ဟင် သမီးစကားကဘယ်လိုအဓိပ္ပာယ်လဲ"

နွယ်က ဆေးရုံအပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ

"ဒီလို အရူးတွေလက်ထဲမှာသေဖို့မတန်လို့ပေါ့"

"ဒိုင်း!!!"

ရုတ်တရက် သေနတ်သံကြားလိုက်ရသဖြင့် နွယ်တို့ အတန်ငယ်လန့်သွားသည် ထိုစဉ် အခန်းထဲသို့ သေနတ်ကိုင်ကာ ပြေးဝင်လာသော သုတညို

"ညို!!"

သုတညိုက လက်ကာပြ၍ တံခါးဝကိုသာ ကြည့်နေပြီး အတန်ကြာသောအခါ သေနတ်ဖြင့် စတင်ပစ်ခက်နေသည် ရန်သူများကင်းရှင်းသွားမှ

"သိပ်အ‌ေခြအ‌ေနမကောင်းဘူးနွယ်"

"ဘာဖြစ်တာလဲ"

"နင်ဒီမှာရှိနေတာကို သူတို့သိသွားပြန်ပြီထင်တယ် ဒီတစ်ခါတော့ ဒီဆေးရုံကို အမှုန့်ကြိတ်လောက်တယ် အခုလည်း ငါ့ထမင်းချိုင့်လာပို့တုန်း လုပ်ကြံခံရတာ..."

"တော်သေးတာပေါ့ နင်သေနတ်ပါလာလို့"

နွယ်က အံကိုတင်းတင်းကြိတ်ကာ ထိုင်နေရာမှ ထရပ်လိုက်သည်ထိုဖြစ်ရပ်ကို သုတညိုနဲ့ဦးမင်းသန့်မောင်တို့ကြောင်သွားစဉ် နွယ်က သုတညိုလက်ထဲမှ သေနတ်အား ဆွဲယူ၍ ပြေးထွက်သွားသည်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now