ထိုအခါ ဦးမင်းသန့်မောင်ကဆက်၍
"မနက်က ဘာဖြစ်တာလဲ သမီး"
နွယ်က သက်ပြင်းရိူက်လိုက်ရင်း
"ဒီနေ့မှ ပန်းကန်ကလည်း လာကွဲနေတာဘဲ အဖေ အဲ့တာနဲ့ အဖေ့မိန်းမကရိုက်ရော"
"ဟာ..ဘယ်ကိုရိုက်တာလဲ သူ"
နွယ်က ရောင်နေသော သူမရဲ့ ဘယ်ဘက်ပါးအား လှည့်ပြလိုက်ရာ ဦးမင်းသန့်မောင်လဲတောက်စ် ခေါက်မိလေသည် ဘာမဟုတ်သည့် အပြစ်လေးကိုပင် လုပ်ရက်လေခြင်းဟူ၍လဲ စိတ်မကောင်းဖြစ်ရသည်။
"သမီးလေး သိပ်နာနေသလားကွယ်"
နွယ်က ခေါင်းခါပြလိုက်ရင်း
"အဆင်ပြေပါတယ် အဖေ ဒီဒဏ်ရာလောက်လေးနဲ့ကတော့ အဖေ့မိန်းမကိုသာ ဆက်သည်းခံလိုက်ပါအုံး"
"အဖေ သည်းခံလာခဲ့တာ သမီး တစ်သက်ရှိပါပြီကွယ်"
"ကောင်းပါပြီ အဖေ အိပ်တော့လေနောက်ကျနေပြီ"
"ဟုတ်ပါပြီဗျာ ဒါနဲ့ သမီးလက်ကပလာစတာကရောဘာလို့ကပ်ထားတာလဲ"
နွယ်က သူ့လက်အားငုံကြည့်လိုက်ရင်း
"ဒီတိုင်းပါ ပန်းကန်ကွဲရှတာ"
"အိုကွယ် အကာအကွယ်တစ်ခုခုနဲ့ ကောက်သင့်တယ်မလား"
"အဖေ့မိန်းမက ဒီတိုင်းကောက်တဲ့!!"
"ဟာကွာ ဒီမိန်းမကတော့"
"နွယ်ကရတာမို့ အဖေ အိပ်ယာဝင်ပါတော့ သမီးလိုက်ပို့ပေးရမလား"
ထိုအခါ ဦးမင်းသန့်မောင်က
"မလိုပါဘူး သမီးရယ် အဖေ့ဖာသာ ဘဲပြန်လိုက်မယ် သမီးနွယ်လဲ ညမနက်စေနဲ့နော်"
"ဟုတ်ကဲ့အဖေ"
သမီးဖြစ်သူရဲ့ စကားကြောင့် ဦးမင်းသန့်မောင်ခေါင်းညိတ်ကာ ထွက်လာသည် သူရဲ့ စိတ်အတွင်းမှာတော့မလိုလားခြင်း များစွာနဲ့ပင်
မနက်ခင်းနေရောင်ခြည်လေးသည် ထွက်စ ရှိသော ကြောင့် တိမ်တို့သည် အရောက်တောက်ကာ လှပနေသည် အိမ်မောကျနေသော နွယ့်ကိုယ်ပေါ်သို့ ရေတို့လောင်းချလိုက်ရာ နွယ်ရေမွှန်းသဖြင့် အိပ်ယာက လန့်နိုးလာသည် နွယ်အလန့်တကြားဖြင့်ကြည့်လိုက်ရာ ၎င်းရဲ့ မိခင်ဖြစ်သူဒေါ်မူယာ
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii