Episode - 26

256 5 0
                                    

"ဒီလိုဆို မင်းကို မမက ဒီလိုလေး နမည်ပေးမယ်"

"ဘယ်လိုမျိုးလဲ"

"မမရဲ့ မေတ္တာငယ်လေး"

"အာ ရှက်စရာကြီးကို အဲ့လိုကြီး မခေါ်ပါနဲ့"

"ငယ်ရှက်မယ်ဆိုတာ သိပါတယ် မမက စတာပါရှင်"

"အဖေ ဒီလိုဆို နွယ်တို့ ရုံးကို သွားသင့်တယ်နော် မနက်ဖြန်တော့"

"အင်းသွားရလိမ့်မယ် သမီး"

"ကိုမင်းနောင်နဲ့ညိုတို့ပြင်ဆင်နေတာ ပြီးကြပြီလား မသိဘူး နွယ်သွားကြည့်လိုက်အုံးမယ်"

နွယ်ကထိုင်နေရာက ထကာ ထွက်သွားတော့ မေပါ နောက်ကပြေးလိုက်သွားသည် ထိုမြင်ကွင်းကို ကြည့်နေသော ဦးမင်းသန့်မောင်တို့လူစုထဲမှ

"အမယ်လေးရှင်ရယ် ဒီအတွဲက တကယ်လိုက်ဖက်ပါတယ်"

ဒေါ်မိုးသူဇာရဲ့ပြောစကားကြောင့် ဦးမင်းသန့်မောင်တို့ ညီကို ပြုံးမိကြသည် မေကလင်းလက်ခတို့နား၌ ထိုင်နေရင်းနွယ့်အား ကြည့်နေမိရာနေဝင်လုအချိန်ဖြစ်နေသဖြင့် ကောင်းကင်မှာ နီရဲနေချိန်ဖြစ်ရာ နွယ့်ရဲ့ ရွှေကိုင်းမျက်မှန်မှ အလင်းတောက်လျှက်ရှိသည် နွယ့်နှုတ်ခမ်းစည်လည်း အတော်လှပနေသည်ဟု မေထင်မှတ်သဖြင့် နွယ့်စီပြေးသွားရင်း

"မမ"

"ရှင့်"

နွယ်က မေ့ဘက်ကိုလှည့်လာချိန်မျက်နာချင်းဆိုင်သွားရာ မေက နွယ့်မျက်နာကို ကိုင်ကာနှုတ်ခမ်းသားကိုနမ်းလိုက်သည် ထိုမြင်ကွင်းကြောင့် ဘေးမှာ အလုပ်လုပ်နေသော မင်းနောင်တို့သုတညိုတို့ကြောင်၍ ကြည့်နေကြသည် လင်းလက်ခနဲ့ရတီတို့လည်း ပြုံးကာ

"ဘယ်လ်ိုကြောင့် နမ်းရသလဲ ငယ်"

"မမနှုတ်ခမ်းလေးက နေဝင်ချိန်အလှထပ်စွဲမက်ဖွယ်ကောင်းလို့"

"ဟ့!! တယ်ဆိုတဲ့စာပါ့လား မင်းသမီးလေးရဲ့"

ထိုသို့ပြောကာ မေ့နှဖူးလေးအား ညင်ညင်သာသာနမ်းလိုက်သည်

"ဟီး မမကို သိပ်ချစ်တယ်"

"ထပ်တူပါဘဲ အမျိုးသမီးလေးရယ် ကဲ မမရတီတို့ဆီသွားအုံးနော် ပြီးရင် အင်္ကျီသွားလဲချီတော့ မမ လိုက်ခဲ့မယ်"

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now