Episode - 33

221 8 0
                                    

"ဒီကလေးမရဲ့ယောင်္ကျားအတွက်သတင်းကောင်းပါဘဲ ဒီကလေးမမှာ ကိုယ်ဝန်ရှိနေပြီ"

"ဗျာ!!!!"

"ရှင်!!!!"

လင်းလက်ခနဲ့ရတီတို့ထံမှအာမေဍိအသံများထွက်လာသည် ထိုချိန် နွာ့်မျက်နာကို မြင်ယောင်ကာ နှစ်ဦးသား ပြိုင်တူပြုံးလိုက်မိသည်ထိုညနေ

"အမျိူးသမီးငယ် ကိုပြန်လာပြီ"

နွယ်တို့ပြန်လာချေပြီ နွယ်က အိမ်အတွင်းမျက်စိကစားလိုက်ပြီးဧည့်ခန်းထဲသို့ဝင်လာကာ ဆိုဖာတစ်ခု၌ ဝင်ထိုင်‌လိုက်သည် ကိုမင်းနောင်နဲ့သုတညိုတို့က အပေါ်တက်ရန် လှေကားနားသို့လျှောက်လာသောလည်း ရတီက မတက်ရန်လက်ဟန်ခြေဟန်ဖြင့်ပြလိုက်သဖြင့် သူတို့လည်းပြန်လှည့်ကာ ဧည့်ခန်းထဲသို့ဝင်သွား၍ နွယ့်နားမှာဝင်ထိုင်သည် ထိုအချိန်‌တွင် ဦးမင်းသန့်မောင်နဲ့ဦးလွင်ဟန်တို့ပါရောက်လာ၍ ထိုင်လိုက်သဖြင့် နွယ်က မျက်ခုံးတွန့်လိုက်မိသည်

"ခနအကြာမှာတော့ အဖြေကို သိရပါလိမ့်မယ်"

ရတီ့ရဲ့ပြောစကားနောက် မေ့ကိုတွဲ၍ဝင်လာသောလင်းလက်ခ

"အခုဆိုရင်တော့အဖြေကို သိရပါတော့မယ်"

ခက ဆိုဖာများရဲ့ အလည်ကို မေ့အားပို့လိုက်ရင်း ပြောရန်အချက်ပြလိုက်ရာ

"မေ့မှာ..."

မေ့ခမျာအပျော်လွန်နေသဖြင့် စကားများမှာစီ၍မရဘဲ ရပ်တန့်နေရာ နွယ်ကတော့မေ့အား စိုက်ငေးကြည့်နေစဉ်

"ကျွန်မ မေကဗျာငယ်မှာ နှင်းဆီအိမ်တော်ရဲ့သခင်မ ဒေါ်နွယ်မူယာပိုင်နဲ့ ရတဲ့ ကိုယ်ဝန်ရှိနေပါပြီ"

ထိုစကားကြောင့် လူတိုင်းမှင်သက်သွားသည် နွယ်ကတော့ မှင်သက်နေရာကနေ တစ်ဖြေးဖြေးပြုံးလိုက်၍ မေ့နားသို့ သွားကာ

"ဘယ်လိုမေ မေ့မှာကိုနဲ့ရတဲ့ ရင်သွေးလေးရှိနေပြီဟုတ်လား"

"ဟုတ်"

"ဟာကွာ"

နွယ်က ပါးစပ်ကို လက်ဝါးဖြင့် ပိတ်ကာ ဝမ်းသာလွန်းသဖြင့် မျက်ရည်များပါလည်လာသည်ကို တွေ့သောအခါ နွယ်မူယာပိုင်မှ ဟုတ်ပါရဲ့လား တွေးရမလိုပင်

ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)Where stories live. Discover now