ထိုအခါ ဦးသီဟရဲ့ တပည့်များက ရှေ့ကိုကပ်လာပြန်ရာ နွယ်က ဆေးလိပ်ကို ပြာေချွကာ ခါးကြားထဲက သေနတ်ကို ကိုင်လိုက်ရင်း
"အဟက်!! ရှေ့ကို တိုးမလာနဲ့နော် နွယ်မူယာပိုင်ဆိုတဲ့ မိန်းမက ဘာကိုမှ ကြောက်လန့်နေမှာ မဟုတ်ဘူး"
အနားကပ်လာသော လူစု ငြိမ်သွားချိန် နွယ်က သီဟစည်သူအား ဆောင့်တွန်းလိုက်ရာ သီဟစည်သူဟန်ချက်ပျက်နေစဉ်
"မင်းတို့ အဘိုးကြီး အသက်က ငါ့လက်ထဲမှာနော် ငါအမိန့်ေပးတယ်မင်းတို့ အကုန်လက်နတ်ချပါ!!!"
ထိုအခါမှ လူအပေါင်း ဦးသီဟအားကြည့်လိုက်ရာ လည်မြိုအား ညှစ်၍ သေနတ်ဖြင့် ထောက်ထားသော နွယ့်ကိုတွေ့ကြသဖြင့် အကုန် လန့်ဖြန့်သွားသည် ထိုစဉ်
"မမ"
အရင်ကခေါ်နေကြ အသံပေမယ့် အနည်းငယ် တိုးလွှနေသော လေသံလေး
"ဟင် ငယ်..."
"ဘာလို့တစ်ယောက်တည်းလာရတာလဲ မမရယ် အန္တာရယ်များတယ်"
"ဘာမမဖြစ်ပါဘူး ငယ်ရယ် မမအတွက်အဲ့အန္တာရယ်တွေထပ် ငယ်နဲ့ခွဲရမှာကို ပိုကြောက်မိတယ် သိရဲ့လား"
နွယ်က ထိုသို့ပြောရင်း ဦးသီဟအားမချိုမချဉ်ကြည့်လိုက်ရင်း
"ဘယ်နှယ့်လည်း ဦးသီဟ သေရတော့မယ်ဆိုတဲ့ အရသာလေးက ချိုရဲ့လား ကျွန်မအဖွားကို သတ်တုန်းကလို ရှင်ရီပြပါအုံး"
ဦးသီဟကတော့ သွေးရောင်မရှိတော့ဘဲ ဖြူဖက်ဖြူရော မျက်နာနဲ့ပြန်ကြည့်ရာ နွယ်က ဟားတိုက်ရီမောလိုက်ရင်း
"ရှင်ရီပါအုံး ဦးသီဟရဲ့ ရှင်သတ်ခဲ့တဲ့အသက်တွေအတွက် ရီပါအုံး !!!!"
ထိုစဉ် သီဟစည်သူက ပြန်ထလာကာ နွယ့်အားဝင်လုံးရန်ကြိုးစားလိုက်စဉ်
"ဟျောင့် မိန်းမတစ်ယောက်ကို ခွန်အားနဲ့ အနိုင်မကျင့်ချင်နဲ့ မင်းရင်ဆိုင်ရမယ့် လူက ငါဘဲ"
သုတညိုတို့ရောက်လာချေပြီ မင်းနောင်နှင့်ပေါက်စလေး မိုးညိုပါပါလာသည် ထိုအခါမှ ဦးသီဟရဲ့တပည့်များကျန်နှစ်ေယာက်ကုိဝင်ရောက်တိုက်ခိုက်ကြသည် သီဟစည်သူကတော့ သုတညိုစီပြေးဝင်သွားပြီး လက်သီးနဲ့ထိုးလိုက်ရာ သုတညိုက အသာအယာ ရှောင်လိုက်ပြီး ထိုလက်အား ရိုက်ချလိုက်ရာ အားကနဲအော်သံနဲ့အတူ ယိုင်လဲသွားသည်
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii