"ကျုပ်ကတော့ဗျာ ကျုပ်တူမလေးကို အဲ့လိုမျိုးဝတ်တာမမြင်ဖူးဘူး တကယ်လှတာဘဲဗျာ့ နွယ်နဲ့ သိပ်လိုက်တာဘဲ"
ဦးလွင်ဟန်က ဝိုင်ကိုတစ်ငုံသောက်ရင်းပြုံးပြုံးရီရီဖြင့်ပြောရာ လူကြီးများရီမောကြသည် နွယ်တို့ကတော့ တစ်လှမ်းစီလျှောက်လာရာ စင်မြင့်ပေါ်သို့ရောက်သောအခါ ထိုင်ခုံပေါ်၌ ထိုင်ကြသည် ထိုအခါ ဦးမင်းသန့်မောင် ကစင်မြင့်ပေါ်သို့တက်လာ၍
"ကြွရောက်လာသော လူကြီးမင်းများကို လေးစားစွာ ကျွန်တော် က မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ် ဒီနေ့ပွဲလေးကတော့ ဒီက ကျွန်တော်ရဲ့ သမီး နှင်းဆီအိမ်တော်ရဲ့ အမွေဆက်ဆံသူ နွယ်မူယာပိုင်နဲ့ကျွန်တော့်ရဲ့တူမလေးလိုဖြစ်နေတယ့် မေကဗျာငယ်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲလေးဖြစ်ပါတယ် တက်ရောက်လာတဲ့ ကျွန်တော်ရဲ့ အသိများ အကုန်လုံးကို ကျေးဇူးတင်အပ်ပါတယ်"
ဦးမင်းသန့်မောင်ရဲ့ အဖွင့်မှာစကားပြီးနောက် ကြွရောက်လာသော ဧည့်သည် အပေါင်းတို့ရဲ့လက်ခုပ်သံများထွက်ပေါ်လာသည် ထိုအခါ သုတညိုက စင်ပေါ်သို့တက်လာ၍
"ဧည့်သည်အပေါင်းတို့မင်္ဂလာပါ ကျွန်တော်ဒီနေ့ကတော့ ဟော့ဒီက ကျွန်တော် သူငယ်ချင်းနဲ့ ကျွန်တော့်ညီမလေးလိုဖြစ်နေတဲ့မေကဗျာငယ်နဲ့ကို စေ့စပ်ပေးမှာဘဲဖြစ်ပါတယ်"
သုတညိုရဲ့ ဟန်ကြောင့် ဧည့်သည်များ အံဩနေကြသည် လင်းလက်ခတော့ ရတီအား
"ဟီး ကိုကိုက မိုက်လိုက်တာ မမရတီရယ်"
"ဟုတ်ပါ့ ဟုတ်ပါ့"
သုတညိုက ဆက်၍
"ကျွန်တော်တို့ မင်္ဂလာပေါင်းများ ရှိနေတယ့်ထဲက တစ်ခုဖြစ်တဲ့ ထိန်းမြားလက်ထပ်ခြင်းသည်လည်း မင်္ဂလာပင် ဖြစ်ပါတယ် ထိုကြောင့် သတိုးသားနဲ့သတိုးသမီးတို့ စေ့စပ်ခြင်းကို သဘောတူကြပါသလား"
နွယ်ရောမေပါခေါင်းညိတ်တော့
"လက်ထပ်ခြင်းပြီးနောက် လက်ထပ်လက်စွပ်ဆင်မြန်းရမယ်ဖြစ်ပါတယ်"
ထို့နောက်မင်းနောင်က လက်စွပ်ပြီးနှစ်ဗူးကိုယူဆောင်လာရာ နွယ်တို့ အပြန်အလှန်ဆင်မြန်းပြီးနောက်
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii