ထိုစဉ်
"ဟယ်လို"
"ဟယ်လိုကိုကို ကျွန်တော်ပါ"
"ခ ပြော"
"အိမ်ကို အမြန်ပြန်လာခဲ့ကြ ပြောစရာရှိတယ်"
ထို့နောက်ဖုန်းချသွားသောအခါ
"ဟေ့သုတညို ဘယ်သူတုန်း"
"ခ ဖုန်းဆက်တာ ကိုမင်းနောင် ကျွန်တော်တို့ကို ပြန်လာခဲ့တဲ့"
ထိုစကားကြောင့် ကိုမင်းနောင်က နွယ့်အား
"ဟေးး နွယ် ငါတို့အိမ်ပြန်ရအောင်"
လှမ်းအော်ပြောလိုက်သောစကားကြောင့်နွယ်ကခေါင်းညိတ်ကာ ထိုင်နေရာကထ၍
"မိုးညို မင်း လူတွေပြန်လွှတ်လိုက်တော့"
"ဟျောင့်တွေကားပေါ်တက် ပြန်မယ်"
မိုးညိုတပည့်များကားပေါ်အသီးသီးတက်သွားကြကာထွက်သွားကြသည် နွယ်တို့လည်း ထိုနေရာမှထွက်ခွာရန်ပြင်နေစဉ်
"နေကြပါအုံး"
ထိုစကားကြောင့် နွယ်က လှည့်ကြည့်လိုက်ရာ အစိုးအရာရှိရဲတစ်ဦးအားတွေ့ရသဖြင့်
"ဘာများပြဿနာဖြစ်လို့လဲ?"
"ဒီလူတွေကဘာဖြစ်နေတာလဲ?"
သီဟစည်သူတို့ကို လက်ညိုးထိုးကာမေးလိုက်ခြင်းဖြစ်ရာ နွယ်က ဆေးလိပ်ကိုမီးညှိကာ မျက်မှန်ကိုပင့်တင်လိုက်ရင်း
"သေနေတာ.."
"ဘယ်သူသတ်တာလဲ"
"ကျွန်မသတ်တာ.."
ရဲအရာရှိ နွယ့်ရဲ့ဆက်အေးအေးတုန့်ပြန်စကားများကို ဒေါသထွက်လာဟန်ဖြင့်
"ခများ ဘာကိစ္စ လူသတ်တာလဲ ကျုပ်တို့ကို အကြောင်းကြားရမယ်ဆိုတာ နားမလည်ဘူးလား?"
နွယ်က ထို အရာရှိအားသေချာကြည့်ကာ ပြုံးလိုက်ရင်း
"အရာရှိကြီးတို့ကိုတိုင်မယ်ဆိုရင် ဘာလုပ်ပေးနိုင်မှာမို့လဲ"
"ဥပဒေအရ အရေးယူပြီး ထောင်ထဲထည့်မှာလေ!"
"ထောင်ထဲထည့်တော့ရော အရာရှိကြီးတို့က သေချာကြည့်ပေးနိုင်မှာမို့လား အဲ့တော့ သတ်လိုက်တာ ကျွန်မမှာ အပစ်ရှိတယ်ပေါ့"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii