ထိုအသံကြောင့် သတင်းစာဖတ်နေသောသုတညိုက သတင်းစာကို ချလိုက်ပြီး ထိုသူအား ကြည့်၍ မှင်သက်နေပေသည် ထိုလူက
"ဟုတ်ပါတယ် ကျွန်တော်လင်းလက်ခပါ"
လူကောင်သေးသေး အသားဖြူဖြူ ဆံပင်မှာမဲနက်၍ မျက်လုံးဝိုင်းဝိုင်းတို့ဖြင့် အသက် - 20 အရွယ် ပိုးဟပ်ဖြူကလေး ညာဘက်လက်၌ လက်ဆွဲအိတ်လေးကို ကိုင်လျှက်
သုတညိုက လင်းလက်ခအား မျက်ရည်တို့ ဝိုင်းနေသောမျက်ဝန်းတို့ဖြင့် ကြည့်နေရာမှ အနားသို့ အလျှင်အမြန်လျှောက်သွားကာ တင်းကြပ်စွာ ဖက်လိုက်ရင်း
"ခ မသေသေးဘူးနော်"
ထိုအခါ လက်လင်းခက
"မသေပါဘူး ကိုကိုရ ကျွန်ဝောာ်က"
"ဘာလို့အုပ်ဂူကြီးနဲ့လည်းကွာ"
"ဒါက ဒီလိုပါ ကိုကိုရာ မေမေကို့အကွက်နင်းလိုက်တာ ကျွန်တော် သေပြီဆိုပြီးတော့လင်းလက်ခဆိုတဲ့ ဘဝကို အဆုံးသတ်လိုက်တာ"
"....."
သုတညိုက ဘာမမပြောနိုင်တော့ဘဲ ငိုနေသည်
လင်းလက်ခက ချော့မော့ရင်း"ကိုကို ဒါကိုကြည့်"
လင်းလက်ခရဲ့စကားကြောင့်သုတညိုလည်းကြည့်လိုက်ရာမှတ်ပုံတင်ဖြစ်၍ အမည်၌ ခ ဟူ၍ ဖြစ်နေသဖြင့် မျက်စိများကို ပွတ်သက်ရင်းသေချာကြည့်နေရာ ခ က ရီမောလိုက်ကာ
"ဟုတ်ပါတယ် ကိုကိုရယ် ကျွန်တော် မှတ်ပုံတင်အသစ်ပါလုပ်ထားတာ"
"ကိုကို့ ခ လေး ဉာဏ်သိပ်ပြေးဝာာဘဲ ကွယ် လာပါ နားအုံးနော်"
သုတညိုလည်း ခ အား ခုံတစ်ခု၌ ထိုင်စေ၍ ခ ဘေး၌ ထိုင်နေရင်း
"မေ ဒါက ခ တဲ့လေ ကိုသုတရဲ့ အမျိုးသားလေး"
"အော် ဟုတ်ကဲ့ ကျွန်မက မေကဗျာငယ်ပါ ဒီက မမနွယ်ရဲ့အမျိုးသမီးလေးပေါ့"
ထိုအခါ နွယ်က
"နှစ်ယောက်သား သက်တူရွယ်တူတွေထင်ပါရဲ့"
"ဟုတ်မှာပါ မေကတောင် ငယ်မယ်ထင်တယ်"
မေက ပြုံးလိုက်ကာ
"ကျွန်တော်က 20 ပါ"
"အယ် ဒါဆို ကျွန်တော်က ကြီးတာပေါ့နော်"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romans"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii