"သမီးစိတ်ကိုလျှော့ထား"
"အဖေ သမီးအင်္ဂုလိမာလသုတ် ရွတ်နေတာ....."
ထိုစဉ် ဖက်လိုက်သလိုခံစားချက်မျိုး ရသောကြောင့်နွယ်က ဘေးကိုကြည့်လိုက်ရာ
"မေက ငါတို့ တူမလေးကို သေချာမွေးပေးမှာပါ..."
သုတညိုရဲ့စကားသံကြောင့်
"ဘာကြီးဘဲဖြစ်ဖြစ်ကွာ သူအရမ်းနာနေမလား မွေးရဖွားရလွယ်ရဲ့လား ငါဘယ်လိုတွေးရမှန်းတောင် မသိတော့ဘူး ညို"
"ဘာမမစိတ်မပူပါနဲ့ ကိုကြီးမွေးပေးနေတာဘဲမလား သမီးနွယ်
ထုိစဉ် အခန်းတံခါးပွင့်လာသံကြောင့်
"ဦးလေး နွယ့် အမျိုးသမီး မွေးနိုင်ရဲ့လား အဆင်ပြေရဲ့လား"
ဦးမင်းသန့်လွင်က ပြုံးလိုက်ပြီး နွယ့်ပခုံးလေးကို ကိုင်လိုက်ကာ
"Congratulations နွယ်"
"ဟာ ဦးလေး ဒါက.."
"ဟုတ်တယ် သမီးမေ မွေးနိုင်တယ် ဘာအခက်အခဲမှ မရှိဘူး"
ထိုအချိန်တွင် သူနာပြု တစ်ယောက်က ကလေးလေးကို ချီလာ၍ နွယ့်လက်အတွင်း ထည့်ပေးလိုက်ရာ နွယ်ကလှမ်းယူလိုက်ရင်း
"ဦးလေး ကလေးငယ် အဆင်ပြေရဲ့လား"
"ကျန်းကျန်းမာမာရှိပါတယ် နွယ်"
ထိုစကားကြားမှ သက်ပြင်းချနိုင်သော နွယ်မှာ ကလေးလေးကို ငုံကြည့်လိုက်စဉ် မျက်လုံးဝိုင်းဝိုင်း မျက်တောင်မွေးကော့ကော့လေးများဖြင့် မျက်ခုံးမွေးပါးပါး အသားဖြူဖွေး၍ ရုပ်ကလေးမှာချောသည်
"အမေတူ သမီးလေးဘဲ"
နွယ်က ကလေးလေးကို ချီထားစဉ် ကလေးက ငိုသောအခါ
"အမယ်လေး Daddy သမီးလေး Daddy ရှိတယ်လေ မငိုနဲ့တော့နော်"
ကလေးလည်း နွယ့်စကားကိုနားလည်ဟန်ဖြင့် ငြိမ်သက်သွားကာ ခနအကြာတွင် အိပ်ပျော်သွားသည်ထို့ကြောင့်နွယ်က သူ့အမေရှိရာအခန်းအတွင်းသို့ ဝင်သွားကာ
"မိန်းမ မင်းအဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ် မမ"
YOU ARE READING
ရစ်ပတ်နှောင်ချီ မေ့သက်လည်(Completed)
Romance"အတိတ်တွေဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တို့ အနာဂတ်ကောင်းတွေ တည်ဆောက်နိုင်ပါတယ်" #Milo_Wii