အပိုင်း ၁

713 10 2
                                    

Unicode

အပိုင်း (၁) ခင်ပွန်းသည်၏လစ်လျုရှုခံရခြင်း

ဒီဇင်ဘာလက စတင်လာခဲ့ပြီး ရာသီဥတုကအရင်ကထက် ပိုအေးလာသည်။ ဆိုနီယာရိစ်သည် အောက်ထပ်မှတက်လာသော ယောက္ခမဖြစ်သူ ဂျင်းဝှိုက်၏ အော်သံကို နားထောင်ရင်း ဆိုဖာပေါ်တွင် ငေးငိုင်စွာဖြင့်လှဲလျောင်းနေသည်။

"ဆိုနီယာရိစ်၊ နင် ကလေးမမွေးနိုင်တာက တင် ပြဿနာတစ်ခုဖြစ်နေပြီကို အခုတော့အချိန်မီအောင်တောင် ထမင်းမချက်သေးဘူးလား။ နင်က ငါနဲ့ တိုင်လာကို ငတ်သေအောင်ထားဖို့ ကြိုးစားနေတာလား။"

တိုဘီဖူလာ နှင့် လက်ထပ်ပြီး ခြောက်နှစ်အကြာတွင် သူမ၏ယောက္ခမသည် သူမကလေးမမွေးနိုင်သည်ကို အမြဲတစေပြော ဆိုခဲ့သည်။သို့သော် သူမခင်ပွန်းသည်က သူမတို့ လက်ထပ်ပြီးသည့် အချိန်ကတည်း က အိမ်ထောင်သက်တလျှောက် သူမကို ဘယ်တော့မှမထိခဲ့ဘူးဆိုသည်ကို မည်သူမျှမတွေးခဲ့ကြပေ။

"အောက်မြန်မြန်ဆင်းပြီး ငါ့ကျောင်းလွယ် အိတ်ကို ကူပြီးထည့်ပေးစမ်းပါ။ ဘုရားရေ၊ ငါ ကျောင်းသွားရဦးမယ်။" ဆယ်ကျော် သက်တစ်ဦးကလည်း တိုက်တွန်းလာခဲ့သည်။

တိုင်လာသည် တိုဘီ၏ညီငယ်ဖြစ်ပြီး သူက ရိုးရှင်းစွာပင် မကောင်းဆိုးဝါးလေးဖြစ် သည်။ ဆိုနီယာသည် ဤမိသားစုထဲတွင် လက်ထပ်ပြီးကတည်းက သူသည် နေ့တိုင်း သူမကို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းမျိုးစုံကို ရှာဖွေနေခဲ့သည်။ သူ့အမြင်အရတော့ သူ့အစ်ကိုနဲ့ လက်ထပ်ထားတဲ့ ဒီမရီးဆိုတာ ပစ်မှတ်ထားရန်လွယ်ကူသည်။

ထိုသည်ကိုကြားတော့ ဆိုနီယာက အောက်ထပ်ကိုဆင်းပြီး မီးဖိုချောင်ထဲဝင်သွားကာ စက်ရုပ်တရုပ်ကဲ့သို့ ချက်ပြုတ်ပြီးနောက် တိုင်လာရဲ့ကျောင်းလွယ်အိတ်နဲ့ ထမင်းဗူးတွေကို ထည့်လိုက်သည်။

"အမေ၊ စားစရာ အဆင်သင့်ဖြစ်ပြီ!"

ဆိုနီယာ၏ခံစားချက်ကင်းမဲ့သောအကြည့်ကို မြင်သည်နှင့် ဂျင်း ဒေါသထွက်သွားသည်။ ချက်ချင်းဆိုသလိုပဲ သူမ စားပွဲပေါ်သို့ ရေဖန်ခွက်ကို ဆောင့်ချပြီးပြောသည်။  "ဟာ့ ဆိုနီယာ၊ မင်းက ငါ့သားရဲ့ပိုက်ဆံတွေကိုသုံးပြီး သူ့အိမ်မှာနေနေတာတောင် မင်းက ဘယ်လိုမထီမဲ့မြင်တဲ့ အမူအရာမျိုးလုပ်ရဲတာရလဲ။ ယုံချင်ယုံ မယုံချင်နေ၊ ငါအခု တိုဘီကိုဖုန်းဆက်ပြီး မင်းကို ခုချက်​ချင်း ကွာရှင်း​ခိုင်းဖို့  ပြောလိုက်မှာ!"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now