အပိုင်း ၄

237 13 0
                                    

အပိုင်း (၄) လူငယ်လေး

သူမ ကားထဲဝင်လိုက်သည်နှင့် ပြေပြစ်ပြီး ယုံကြည်မှုရှိသော ဆိုနီယာ ဖြစ်လာပြန် သည်။ ချားလ်က ရယ်မောလိုက်သည်။
"ဒီနေ့ Celestial ထဲကို ရုပ်ရည်ချောမောတဲ့ ယောက်ျားတချို့ ရောက်လာတယ်။ မင်းသွားကြည့်ချင်လား။"

Celestial ဟူသောအမည်ကို ဖျော်ဖြေမှုနှင့်ပျော်ရွှင်မှုတို့အတွက် နေရာတစ်ခုဖြစ်ပြီး ကောင်းကင်ဘုံ၌ရှိသကဲ့သို့ဟု အဓိပ္ပါယ်ရသော 'Celeste၊ ဟူသည့် စကားလုံးမှဆင်း သက်လာသည်။ ဆိုနီယာသည် ပြောစရာစကားမဲ့သွား၏။ "မင်းက ရူးနေတာလား? ငါ့ရဲ့တစ်ကိုယ်ရေသမားအဆင့်အတန်းကို အခုမှပဲ ပြန်ရသေးတယ်လေ။"

သူက မျက်တောင်ခတ်ကာ အထူးအဆန်းလို ဟန်ဆောင်လိုက်သည်။ "အာ၊ တကယ်တော့  တစ်ယောက်ယောက်က မင်းကတွေ့ချင်နေတယ်။"

"ဘယ်သူလဲ?"

"ဒီလူကို မင်းလည်း သိပါတယ်။ ပြီးတော့
ငါတို့ရောက်တဲ့အချိန်ကျရင် မင်းသိလိမ့်မယ်။"

ဆိုနီယာ စက္ကန့်ပိုင်းလောက် အံ့သြသွားပြီး ခေါင်းညိတ်သည်။ "ဒါဆို ကောင်းပြီလေ။"

ချားလ်တွင် Celestial သီးသန့်အခန်းတစ်ခန်းရှိသည်။ နှစ်ယောက်သားဝင်သွားပြီးနောက် ဆိုဖာပေါ်မှလူလည်း မတ်တပ်ထရပ်ကာ တစ်ချက်ကြည့်လိုက်သည်။ သူသည် အသက်နှစ်ဆယ်ကျော်စအရွယ်သာရှိကာ အလွန်အရပ်ရှည်ပြီး ထောင့်စေ့သောမျက် နှာနှင့် ဖြောင့်စင်းသော မျက်ခုံးမွှေးရှိသည်။ သူမကိုမြင်ပြီးနောက်တွင် တောက်ပသော အလင်းရောင်တစ်ခုက သူ့မျက်လုံးများဆီသို့ တောက်ပလာခဲ့သည်။

"ဟိုင်း ဆိုနီယာ၊ ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်။"

ဆိုနီယာသည် သူ့ရှေ့မှလူငယ်လေးက ရင်းနှီးတယ်လို့ ခံစားမိပေမယ့် သူနဲ့တွေ့ခဲ့တဲ့နေရာကို သူမမမှတ်မိတော့ဘူး။

"ခင်ဗျား မေ့သွားပြီလား။ ခင်ဗျားနဲ့ ခင်ဗျားအဖေ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဂျော်ဒန်စီရင်စုမှာ ရှိချိန်တုန်းက ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ကို ထောက်ပံ့ပေးခဲ့တယ်လေ။" ချားလ်က ဒါကိုပြောပြီးနောက် ဆိုနီယာ ရုတ်တရက် သူဘယ်သူလဲဆိုတာ သတိရသွားသည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now