အပိုင်း ၃၅။ ငါ့ခင်ပွန်းဟောင်းရဲ့ရည်းစား
တီနာက ညင်သာသည့်လေသံနှင့် ပြောနေပေမယ့် ဆိုနီယာကို ပြောင်ပြောင်တင်းတင်း စော်ကားနေခဲ့၏။ ဆိုနီယာသည် နှစ်လိုဖွယ်ကောင်းစွာ မပြုံးပြမီတွင် သူမ၏မျက်ခုံးကို ပင့်တင်လိုက်သည်။ "နင် အရင်ပြောတယ်ဆိုမှတော့ အဆင်ပြေပါတယ်။ နင် ဝယ်သွားလိုက်လို့ရပါတယ်။"
ဆိုနီယာသည် သူမနှင့်ပြိုင်ဆိုင်နေမည်မဟုတ်ကြောင်းကို တီနာ ဘယ်တုန်းကမှ
မမျှော်လင့်ထားဘဲ ထိုအစား သူမအား နာရီကို ပေးခဲ့လေသည်။ ရလဒ်အနေဖြင့် ထိုအချိန်တွင် တီနာသည် သူမ၏သတိပင်လွှတ်သွားတော့၏။"တီနာ၊ ကြည့်ရတာ ဆိုနီယာက နင့်ကို အမှားမလုပ်ရဲဘူးထင်တယ်။" တီနာ၏ သူငယ်ချင်းက သူမဆီကိုကိုင်းပြီး ကြွားလိုက်သည်။ "တိုဘီ နဲ့ကွာရှင်းပြီးနောက်ပိုင်း သူမမှာ ဘာနောက်ခံမှ မရှိတော့ဘူး။ သူမရဲ့ ကုမ္ပဏီကလည်း ဒေဝါလီခံလုနီးနေပြီဖြစ်လို့ သူမ နင့်ဆီက ဘာကိုမှမလုရဲပါဘူး။ "
အမှန်ပင်။ အခုဆိုလျှင် ဆိုနီယာဟာ ယိုယွင်းနေသော ကုမ္ပဏီကလွဲ၍ ဘာမျှမရှိပေ။ သူငယ်ချင်းဖြစ်သူ၏စကားကြားပြီးနောက် တီနာ စိတ်သက်သာရာရသွားသည်။ သူမသည် နာရီကိုယူ၍ အကြွေးဝယ်ကဒ်ကို အရောင်းဝန်ထမ်းအား ပေးလိုက်သည်။ "ကျွန်မကဒ်နဲ့ ပေးချေပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မကိုထုပ်ပိုးပေးပါ။"
သို့သော်၊ အရောင်းဝန်ထမ်းအမျိုးသမီးသည် တီနာ၏ကဒ်ကိုလက်မခံဘဲ၊ ထိုအစား မဝံ့မရဲဖြင့်မေးသည်။ "မစ်၊ ရှင်က ကျွန်မတို့ရဲ့ VVIP ဖောက်သည်တွေထဲက တစ်ယောက်လား။"
"မဟုတ်ဘူး။" တီနာသည် ဤအခိုက်အတန့်တွင် အနည်းငယ် မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီမဖြစ်စ လောက် နာရီဝယ်ဖို့ ကတ်နဲ့တောင် ပိုက်ဆံပေးချေလို့ မရနိုင်ဘူးလို့ ပြောချင်တာလား။"
"ကဒ်သုံးပြီး ကျွန်မတို့စတိုးဆိုင်က တခြားနာရီတွေကို ဝယ်လို့ရပါတယ်၊ ဒါပေမယ့် ဒီစီးရီးအတွက်တော့ မဟုတ်ပါဘူး။"
အရောင်းဝန်ထမ်းက ပဋိပက္ခဖြစ်နေပုံရသည်။ "ကျွန်မတို့ရဲ့စတိုးဆိုင်မှာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ခြောက်သန်းသုံးစွဲခဲ့တဲ့ VVIP ဖောက်သည်တွေသာ ဒါကို ဝယ်ယူနိုင်ပါတယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........