Unicode
အပိုင်း (၆) ပြည်သူ့တရားရုံး၌ တရားဝင်ကွားရှင်းခြင်း
"သူ့နာမည်က ကားလ် ထင်တယ်၊ အဲဒီသူ့ဘေးမှာကတော့ မကောင်းတဲ့ကောင် ချားလ် ရှိတယ်"
"ဘာလဲ၊ နင့် ငါ့သားကို ဘယ်လိုလုပ်ပြီး ဖောက်ပြန်ရဲရတာလဲ" ဂျင်း၏မျက်နှာသည် မည်းမှောင်လာပြီး ပြင်းပြင်းထန်ထန် ကျိန်ဆဲလိုက်သည်။ "အရှက်မရှိလိုက်တာ၊ သူ အခုဘယ်မှာလဲ၊ ငါ သူ့ကို အပိုင်းပိုင်းဖြစ်အောင် စုတ်ဖြဲပစ်မယ်။ "
"ဆိုနီယာက သူ တိုဘီနဲ့ ကွာရှင်းလိုက်ပြီလို့ ပြောတယ်!" သူ့အစ်ကိုကြီးဖြစ်သူ၏အုံ့မှိုင်းပြီး ကြောက်စရာကောင်းသော မျက်နှာကို မြင်လိုက်ရသဖြင့် တိုင်လာက "သူမပြောတာ အမှန်လား" ဟု ထပ်မံမေးခဲ့သည်။
တိုဘီသည် သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ သုန်မှုန်နေသော အသွင်ဖြင့် နှုတ်ဆိတ်နေခဲ့သည်။ ပြောစရာမလိုအောင်ပင် သူက အသံတိတ်သဘောတူနေသည်မှာ ထင်ရှားသည်။
ဂျင်းသည် ထိုအရာကို မြင်သောအခါ တစ်စုံ တစ်ခုကို ရိပ်မိသွားပုံရသည်။ ပထမတော့ သူမ ထိတ်လန့်သွားပြီး နောက်တော့ သူမမျက်နှာမှာ အပြုံးတစ်ခုပေါ်လာသည်။ "မင်း သူ့ကိုကွာရှင်းလိုက်တာ ကောင်းပါတယ်၊ နောက်ဆုံးတော့ သူ တစ်ကြိမ်လောက် ကောင်းကောင်းလုပ်ခဲ့တယ်လို့ ငါထင်တာပဲ၊ ငါ့စိတ်ထဲမှာတော့ တီနာကိုပဲ ငါ့ချွေးမအဖြစ်မြင်တယ်၊ ဆိုနီယာက ငါ့အတွက် ဘာမှမဟုတ်ဘူး"
တနည်းနည်းအားဖြင့်၊ ဆိုနီယာအပေါ် ဂျင်း၏ကျိန်ဆဲမှုသည် တိုဘီ၏နားထဲတွင် အထူးကြမ်းတမ်းနေခဲ့သည်။ "တော်တော့။"
အဲဒါနဲ့ပဲ သူက အနားကအင်္ကျီကို ကောက်ကိုင်ပြီး အိမ်ထဲကထွက်သွားသည်။ တိုင်လာ သည် သူ့အကိုကြီး၏နောက်ကျောကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ "အမေ၊ ဆိုနီယာ တကယ်ပြန်မလာဘူးလား"
ဂျင်းက အေးစက်စွာ ထေ့ငေါ့လိုက်သည်။ "သူမ မလုပ်ရဲပါဘူး၊ ကွာရှင်းချင်ရင်တောင် ငါ့သားဆီက ခြူးတစ်ပြားတစ်ချပ်မှ မရဘူးမှတ်!"
တိုင်လာက စကားမပြောပေ။ အဲဒီအစား ခေါင်းငုံ့ပြီး လေးလေးနက်နက် တွေးနေခဲ့၏။ ရုတ်တရက်ပင် သူ့အား စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံကို သတိထားမိလိုက်ပြီး မသိစိတ်မှ လှမ်းကြည့်လိုက်သည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
