Unicode
အပိုင်း ၅၁။ မင်းက မင်းရဲ့မရီးဟောင်းကို ကြိုက်နေတာလား
မိဘများအားလုံးက စိတ်ဆိုးလွန်းကြသဖြင့် စကားပင်မပြောနိုင်ကြတော့ပေ။
"ကျနော်နိုင်တယ်! ကျနော်နိုင်ခဲ့တယ်!" တိုင်လာက အမောတကောဖြစ်တုန်းမှာပင် ဆိုနီယာဆီ ပြေးသွားပေမဲ့ သူ့အသံထဲမှာ ထင်ရှားတဲ့စိတ်လှုပ်ရှားမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ "အခုလေးတင် ဘောလုံးကို ရိုက်လိုက်တုန်းက ကျနော် အရမ်းကြည့်ကောင်းနေတာ။ အဲဒါကို မြင်လိုက်လား? ခင်ဗျား ဓာတ်ပုံကောရိုက်လိုက်လား။"
"မရိုက်ဘူး" သူ့ကိုအားပေးခဲ့တဲ့လူက သူမလုံးဝမဟုတ်သလိုပင် သူမက ဆံပင်တွေကို စိတ်ခံစားချက်မဲ့စွာ သပ်လိုက်သည်။
"ခင်-ခင်ဗျား လိမ်နေတာ။ ကျနော် ခင်ဗျားကို သေချာမြင်_။"
"မင်းက မင်းကိုယ်တိုင်နဲ့ မင်းအစ်ကိုအတွက် ကစားနေတာလေ၊ ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါဘာလို့ကြည့်သင့်ရမှာလဲ။ ကောင်းပြီ အခု ငါ့ကိုပိတ်ဆို့နေတာ ရပ်လိုက်တော့။ ငါ မင်းကို ဒီစာချုပ်လက်မှတ်ထိုးဖို့ ကူညီပေးရအုံးမယ်။"
သူမ စကားကိုနားထောင်ပြီး တိုင်လာ ပြောစရာစကားမဲ့သွားသည်။
ထိုစဥ်တွင် ဇိန့်က သူ၏ထိတ်လန့်သွားသောမျက်နှာကို ဓါတ်ပုံရိုက်လိုက်ပြီးနောက် သူ့ပုခုံးကို သိုင်းဖက်ကာမေးသည်။ "သူမ ဖူလာအိမ်တော်မှာရှိတုန်းက မင်းနေ့တိုင်း သူမကို အနိုင်ကျင့်တယ်လို့ ကြားတယ်။ အခု အလှည့်အပြောင်းဖြစ်သွားပြီ။ သူမ အနိုင်ကျင့်တာကို ခံရတော့ ဘယ်လိုခံစားရလဲ။"
"ကျနော်က ယောကျာ်းသားဖြစ်လို့ သူမနဲ့အငြင်းမပွားဘူး။" တိုင်လာက ခပ်အုပ်အုပ်အသံထွက်ကာပြောသည်။
"မင်းက ဘာအတွက် အဲမှာ ရပ်နေတာလဲ။" ရုတ်တရက် ဆိုနီယာ လှည့်ကြည့်ကာ သူ့ကို မျက်စောင်းထိုးလိုက်သည်။ "မင်း ဘတ်စကတ်ဘော ဆက်မကစားချင်ဘူးလား။ ဒီကိုလာပြီး စာချုပ်လက်မှတ်ထိုးတော့!"
တိုင်လာသည် သူ့ဘဝ၏ကြီးမားသောကိစ္စဖြစ်သောကြောင့် လျင်မြန်စွာပြေးပြီး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် နည်းပြမှ ကျောင်းသားများနှင့် ၎င်းတို့၏မိဘများအား လေ့ကျင့်ရေးစခန်းသို့ ပို့ဆောင်ရန်အတွက် ကားတစ်စီးဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ စကားအနည်းငယ်ပြောပြီးသောအခါ နည်းပြသည် သူ၏အဖွဲ့နှင့်ထွက်ခွာသွားပြီး မိဘများကလည်း သားသမီးများနှင့်အတူ ကျန်ခဲ့သည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
