အပိုင်း (၁၆) ဗွီဒီယိုအတု
တီနာသည် သူမ၏မျက်နှာပေါ်ရှိအပြုံးကို မထိန်းထားနိုင်တော့ဘဲ ခေါင်းငုံ့ပြီးငိုတော့၏။ တိုဘီသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ရိုစ့်၏အပြုအမူကို မကျေနပ်ကြောင်း ဖော်ပြခဲ့သည်။ "အဘွား၊ တီနာက စဥ်းစားပေးတတ်ရုံလေးပါ၊ သူမက အဖွားရဲ့ကျန်းမာရေးကို အမြဲစိုးရိမ်နေခဲ့တာပါ။ နောက်ပြီး သူက ကျွန်တော်ချစ်တဲ့မိန်းမပဲ။ အဖွား ကျွန်တော့်ကို စိတ်ဆိုးနေရင်တောင် ကျွန်တော့်အပေါ်ကိုပဲ စိတ်ဆိုးပါ။"
ပြန်မဖြေဘဲ ရိုစ့်၏မျက်နှာတွင် မှုန်ကုပ်ကုပ်ဖြစ်နေသည်။ အဲဒါကိုမြင်တော့ တိုဘီက
တီနာရဲ့လက်ကိုဆွဲပြီး မတ်တပ်ရပ်လိုက်ပြီး ရိုစ့်ကို ပြောလာသည်။ "နောက်ကျနေပြီ။ အေးအေးဆေးဆေး အနားယူပါ အဖွား။ အဖွားရဲ့အချိန်တွေကို ကျွန်တော်တို့ မယူတော့ပါဘူး။ "ဆယ်မိနစ်တောင်မပြည့်ခင်မှာပဲ နှစ်ယောက်သား ထွက်သွားကြသည်။ သူတို့သွားပြီးနောက် မာရီသည် ရိုစ့် ဆီသို့ လျှောက်လာပြီး သက်ပြင်းချလိုက်သည်။ "မာဒမ်၊ ဘာလို့ဒီလိုလုပ်တာလဲ၊ အပြင်လူတချို့အတွက် မစ္စတာဖူလာကို စိတ်ဆိုးနေစရာမလိုပါဘူး။"
အဘွားအိုသည် သူ့လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်ကို ပွတ်သပ်လိုက်သည်။ "ဂရေးမိသားစုရဲ့ မိန်းကလေးက သာမန်အပြင်လူတစ်ယောက် မဟုတ်ဘူး။ မမြင်လိုက်ဘူးလား၊ တိုဘီက သူ့အတွက်ကြောင့်နဲ့ ငါ့ကို ဆန့်ကျင်နေတာ။"
မာရီက မဝံ့မရဲနားထောင်ရင်း သူမအား စောင်ကိုကူဆွဲပေးသည်။ "ဘယ်လိုဖြစ်နိုင်မှာလဲ။ မစ္စတာဖူလာက မဒမ်ကို အလေးစားဆုံးပဲ။"
ရိုစ့်က ပြုံးရုံသာပြုံးပြီး တိတ်ဆိတ်နေခဲ့၏။
ပါရာဒိုင်းကုမ္ပဏီ၏ဒါရိုက်တာဘုတ်အဖွဲ့တွင် အကြီးတန်းပုဂ္ဂိုလ်အများအပြားအတွက် လုံခြုံစေရန်၊ ဆိုနီယာသည် အကြီးဆုံးရှယ်ယာရှင်ဖြစ်လာကြောင်းနှင့် သူမသည် ဆုံးဖြတ်ချက်ချနိုင်သည့်အာဏာကို ချုပ်ကိုင်ထားပြီး ဇိန့် နှင့် ပြတ်ပြတ်သားသား စာချုပ်ချုပ်ထားသည့်အချက်ကို အခြားသူများက မသိခဲ့ကြပေ။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Любовные романыဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........