အပိုင်း ၂၈

86 11 2
                                    

အခန်း ၂၈။  မင်းက ဆိုနီယာကို သွေးဆောင်ဖျားယောင်းနေတာလား?

ဆိုနီယာသည် ဖူလာမိသားစု၏ချွေးမ မဟုတ်တော့သောကြောင့် ဂျင်းန်ကို ထပ်ပြီးသည်းမခံနိုင်တော့ပါ။ သူမသည် ဂျင်းန် ၏လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ တွန်းထုတ်လိုက်ရာ ၎င်းအား လုံးဝ သတိလက်လွတ်စေခဲ့၏။ ထို့အတွက်ကြောင့် ဂျင်းန်သည် ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာညည်းတွားရင်း သူမပုံရိပ်ကို ပျက်စီးသွားစေသည်။

"မဒမ်ဝှိုက်၊ ရှင့်ရဲ့အပြုအမူကို သတိထားပါ။" ဆိုနီယာက အေးစက်စွာပြောသည်။ "ရှင် ကျွန်မကို လက်နဲ့ရွယ်တော့မယ်ဆိုတာနဲ့ ကျွန်မကလည်း အဲလိုပြန်လုပ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။"

ဂျင်းန်၏ ဒေါသများ ပွက်ပွက်ဆူသွား၏။ "ဆိုနီယာ၊ နင် ငါ့ကိုဒီလိုပြောရဲတာလား။" ယခင်က ဆိုနီယာနှင့် တိုဘီတို့ လက်ထပ်ခဲ့စဉ်က ဆိုနီယာသည် ဂျင်းန်ကို အလွန်နာခံခဲ့ပြီး မည်သည့်စကားမျှပြန်မပြောဝံ့ခဲ့ပေ။ သို့သော် ကွာရှင်းပြီးနောက် သူမက လုံးဝပြောင်းလဲသွားခဲ့သည်။

"နင်က ခွေးမတစ်ယောက်ဆိုတာ ငါသိတယ်! နင်က ငါ့ကိုချည်တုတ်ဖို့ ဒီလိုတွေ လုပ်နေတာပဲ။" ဂျင်းန်က မျက်မှောင်ကုတ်လိုက်သည်။ အပြာရင့်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော်လည်း၊ သူမ၏ရက်စက်သော အမူအရာဖြင့် စိတ်ဆိုးတကြီးကြည့်နေသည်။

"နင်ကသာ ကွာရှင်းတုန်းက တိုဘီဆီက တစ်ပြားတစ်ချပ်မှမယူဖို့ ငြင်းခဲ့တဲ့သူပဲ၊ နင်က အခု ငါ့ကို ဘယ်လိုသဘောထားမျိုး ပြနေတာလဲ။ နင် မရှက်ဘူးလား!?"

"တိုဘီဆီက ပိုက်ဆံမယူခဲ့တာ အမှန်ပဲလေ။" ဆိုနီယာက ဂျင်းန်၏ မျက်လုံးများကို တည့်တည့်ကြည့်လိုက်သည်။

"ဒါဆို နင်က ငါ့သားကို ဘာလို့နှောင့်ယှက်နေသေးတာလဲ။" ဂျင်းန်က အော်ငေါက်သည်။ ထို့နောက် သူမ၏လက်ကိုင်အိတ်ထဲမှ ဓါတ်ပုံတစ်ပုံအားထုတ်ကာ စောင့်ကြည့်နေကြသော ဝန်ထမ်းထံဝေငှကာ "နင်တို့ရဲ့ သူဌေးကို ကြည့်လိုက်စမ်း။ ဘယ်လိုတောင်အရှက်မဲ့တဲ့ မိန်းမလဲ၊ ငါ့သားက သူ့ကိုကွာရှင်းပြီးလို့ ရည်းစားတောင်ရနေပြီ၊ ဒါပေမယ့် သူက ငါ့သားကိုလွှတ်ပေးဖို့ ငြင်းနေတုန်းဖြစ်ပြီး ငါ့သားကို လိုက်နှောက်ယှက်နေတုန်းပဲ!"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now