အပိုင်း ၅၂

765 40 10
                                        

Unicode
အပိုင်း ၅၂။ ဆေးလိပ်အလွန်အကျွံသောက်တာက လူတစ်ဦးရဲ့သေဆုံးမှုကို မြန်ဆန်စေတယ်လို့ ဆိုနီယာကပြောတယ်။

တိုင်လာသည် ဆိုနီယာနှင့် ဇိန့်တို့ကို ညစာကျွေးရန် ငွေအမြောက်အမြား သုံးစွဲခဲ့ပြီး အိမ်ထဲသို့ မြောက်ကြွမြောက်ကြွဖြင့် ဝင်လာကာ သူ့ကိုယ်သူ ဂုဏ်ယူနေကြောင်း ထင်ရှားသည်။

သူသည် အစမ်းလေ့ကျင့်မှုအတွက် စာချုပ်ချုပ်ထားပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဇိန့် နှင့် ဆိုနီယာ နှစ်ယောက်စလုံးက ထိုသည်ကို လျှို့ဝှက်ထားပေးမည်ဟု ကတိပေးခဲ့ကြသည်။ သူ အစမ်းလေ့ကျင့်ပွဲများအောင်မြင်ပြီး နိုင်ငံ့ဘတ်စကက်ဘောအသင်းသို့ တရားဝင် ဝင်ရောက်လာသောအခါတွင်၊ တိုင်လာသည် အသေးအဖွဲကိစ္စသာဖြစ်သော တိုဘီ၏ဒေါသကို မကြောက်တော့ပေ။ ထို့ကြောင့်၊ တိုင်လာသည် သူ့အိပ်ခန်းစီးဖိနပ်တစ်ရံကို ပြောင်းစီးရန် ဧည့်ခန်းထဲသို့ လျှောက်သွားရင်း တေးသွားကိုပင် ညည်းနေလိုက်သေးသည်။ သို့သော် ဧည့်ခန်းထဲသို့ဝင်သွားချိန်တွင် တိုဘီက ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူ့အစ်ကိုသည် ရုံးတက်ဝတ်စုံ၀တ်ထားပြီး ဧည့်ခန်းထဲတွင် စီးကရက်တစ်လိပ်ကို အေးအေးဆေးဆေး သောက်နေခဲ့သည်။

"တို-တိုဘီ!" တိုင်လာက ထိတ်လန့်တုန်လှုပ်သွားပြီး ထခုန်လိုက်ကာ အထစ်ထစ်အငေါ့ငေါ့ပြောသည်။ "ဘာ-ဘာလို့အစောကြီးပြန်ရောက်နေတာလဲ၊ ကျနော်က တီနာ ဆေးရုံမှာရှိသေးတယ်လို့ထင်ခဲ့တာ။ အစ်ကိုက သူမကို တွေ့ဖို့ဘာလို့ ဆေးရုံကိုမသွားတာလဲ။"

တိုဘီက သူ့ကို စွေကြည့်သည်။ "မင်း ညစာစားပြီးပြီလား။"

"အွန်း၊ စားပြီးပြီ"

"ဒီကိုလာ။" တိုဘီက သူ့လက်ညိုးကိုသုံးပြီး ဆေးလိပ်ပြာကို ဘေးကပြာခွက်ထဲသို့ တောက်ချလိုက်သည်။ "စကားပြောရအောင်။"

ထိုအချိန်တွင် တိုင်လာသည် သူ၏ကျောရိုးတလျှောက် အေးစက်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

သေစမ်း! တီနာက ငါ အစမ်းလေ့ကျင့်ပွဲတွေမှာ ပါဝင်မှာကို သူ့ကိုပြောခဲ့တာလား။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now