အပိုင်း ၄၉

730 41 5
                                        

Unicode
အပိုင်း ၄၉။ တကယ်လို့ သူ ကျမကိုအပြစ်တင်ချင်ရင် တင်ပါစေ

"ဘတ်စကက်ဘောကစားတာက သူ့ဝါသနာပဲလေ။ တကယ်လို့ သူက လက်လျှော့လိုက်ရင်တောင် အိမ်ပြန်ပြီး ဇိမ်ကျကျနဲ့ဘဝကို ဖြတ်သန်းနိုင်သေးတယ်။ မင်းအတွက်ကတော့ ဘက်စကတ်ဘောကစားရတဲ့ အကြောင်းရင်းက အသက်မွေးဝမ်းကျောင်းအတွက်ပဲလေ။ ဒါ့အပြင် ဒါက အစမ်းလေ့ကျင့်မှုတစ်ခုလေးပါပဲ။ အသင်းအတွက် ရွေးချယ်ခံရမယ်ဆိုတာ အာမခံချက်မရှိပါဘူး။” ကောင်လေး၏ဝမ်းနည်းနေသည့်မျက်လုံးများကိုကြည့်ရင်း ဆိုနီယာက ထပ်ပေါင်း၍ ထေ့ငေါ့ပြောလိုက်သည်။ “သနားစရာကောင်းလိုက်တာ။” 

သို့သော် သူ့အမေ၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်နေပြီဖြစ်သည်။ "မ-မင်း!"

ဆိုနီယာသည် သာမာန်ကျကျ ထိုလူများကို ချွေးပင်မထွက်ဘဲ ဒေါသထွက်အောင် လုပ်နိုင်သည်ကို မြင်ပြီးနောက် တိုင်လာသည် သူ့စိတ်ထဲတွင် အထူး ဝမ်းသာသွားခဲ့သည်။ သူမက သူရှိရာသို့ လာသောအခါတွင် သူ၏ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင်ဖြင့် သူမဆီသို့ အပြေးအလွှားသွားကာ သူမ၏အင်္ကျီလက်များကို ဆွဲလိုက်သည်။ ထို့နောက် သူက တိတ်တဆိတ် တောင်းပန်လိုက်သည်။ "ကျနော် ဘတ်စကတ်ဘော တကယ်ဆက်ကစားချင်တယ်။ ကျေးဇူးပြုပြီး ဇိန့်က ကျနော့်ကို အိမ်ပြန်ပို့မှာကို ခွင့်မပြုလိုက်ပါနဲ့နော်၊ ကျနော့် အစမ်းလေ့ကျင့်ရေးမှာ ပါဝင်ပါရစေ။"

"ဇိန့်က မင်းကိုအိမ်ပြန်ပို့မယ်လို့ ငါ ဘယ်တုန်းကပြောခဲ့လို့လဲ။" ဆိုနီယာက ခေါင်းစောင်းကာ သူ့ကိုစိုက်ကြည့်နေသည်။ "ဒါမှမဟုတ် မင်း သူနဲ့အတူ တကယ်ပြန်ချင်နေတာလား။"

တိုင်လာက အချိန်တစက္ကန့်မျှ ကြက်သေသေသွားသည်။ "ဒါဆို သူ ဘာလို့ ရောက်လာတာလဲ...."

"ငါက သူ့ကို ကားမောင်းပို့ခိုင်းလို့လေ။"

"ကျနော် သိပြီ" တိုင်လာက သူ့ရင်ဘတ်ကို ပုတ်လိုက်၏။ "သူက ကျနော့်ကို အိမ်ပြန်ခေါ်သွားမယ်လို့တွေးပြီး၊ ခဏလောက် လန့်သွားခဲ့တာပဲ။"

သို့သော် ဆိုနီယာက သူ့ကိုလျစ်လျူရှုကာ နည်းပြနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။ "မဂ်လာပါ၊ ကျမက တိုင်လာရဲ့အစ်မဖြစ်ပြီး နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျမ ကုမ္ပဏီမှာ ဖြေရှင်းစရာလေးရှိနေတာကြောင့် အခုမှပဲ အပြေးအလွှား လာနိုင်ခဲ့တာပါ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now