အပိုင်း ၃၄

919 41 8
                                        

Unicode
အပိုင်း ၃၄။ မြေခွေးမ

တိုဘီသည် စာကိုကြည့်ရင်း အတွေးထဲ
နစ်မျှောနေချိန်တွင် အခန်းတံခါးကို တစ်စုံ တစ်ယောက်က လာခေါက်ကာ ဖွင့်လိုက်သည်။

"ရှင့် အခန်းထဲက မီးလင်းနေသေးတာ မြင်တော့ ရှင် အလုပ်ရှုပ်နေသေးတယ်ဆိုပြီး ခန့်မှန်းလိုက်တာ။" တီနာသည် နက်ပြာရောင် ရေချိုး၀တ်စုံကို ၀တ်ထားရင်း အခန်းထဲသို့ ဝင်လာခဲ့သည်။ ခါးပတ်ကို သူမ၏ခါးတစ် ဝိုက်တွင် လျော့ရဲရဲချည်ထားပြီး သူမ၏ ညှပ်ရိုးနှင့် လှပသောအသားအရေအချို့ကို ပေါ်လွင်စေသည်။ သူမခန္ဓာကိုယ်ပေါ်ကိုလည်း ရေမွှေးတွေဖြန်းပြီး ဆွဲဆောင်မှုရှိတဲ့ပုံပေါက်သည်။ စားပွဲပေါ် အသီးဖျော်ရည် ဖန်ခွက်ကို ချထားပြီးနောက် ရည်ရွယ်ချက်ရှိရှိ သူ့ဆီတိုးလာလိုက်သည်။ "ကျွန်မက အသီးဖျော်ရည်လုပ်ထားတာဆိုတော့ ရှင်အလုပ်လုပ်တဲ့အခါ ပိုလန်းစေတာပေါ့။"

"ငါ အလုပ်ပြီးပြီ" သူကဖြေသည်။ ထို့နောက် အံဆွဲများကိုဖွင့်ကာ သူမအားအတွင်းမှစာများကိုပြသည်။ "ငါ ဘောပင်ယူခါနီးမှာ ငါတို့ရဲ့အရင်တုန်းစာတွေကို တွေ့ခဲ့တယ်။ ငါတို့ တစ်ယောက်ကိုတစ်ယောက် စာတွေနဲ့အများကြီး ဖလှယ်ခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။"

တီနာသည် စာများကို မြင်သောအခါ ခဏတာ ထိတ်လန့်သွားသော်လည်း သူမကိုယ်သူမ အမြန်တည်ငြိမ်အောင် လုပ်လိုက်သည်။ "အဲတာက ခြောက်နှစ်ကနေ ခုနစ်နှစ်လောက်ကြာပြီကို။ ဘာလို့ သိမ်းထားသေးတာလဲ။"

"သူတို့က ငါ့အတွက် တကယ့်အမှတ်တရတွေပဲလေ။" တိုဘီက စာတွေကိုပွတ်သပ်ပြီး ပြုံးလိုက်သည်။ ဘာလို့လဲဆို​တော့ မင်းက ငါပထမဆုံး ​ချစ်ခဲ့မိတဲ့ မိန်းမ​မို့လို့ပဲ။

တီနာသည် လှည့်ကာ သူမလက်မောင်းဖြင့် တိုဘီကိုဖက်ကာ သူ့ကို မှီလိုက်သည်။
"တိုဘီ၊ ကျွန်မက အခု ရှင်နဲ့အတူရှိနေပြီဆိုတော့ ဒီစာတွေကို ကျွန်မတို့ မလိုအပ်တော့ဘူး။ မနက်ဖြန် စာတွေကိုဖျက်ဆီးဖို့ အိမ်ဖော်တွေကို ဘာလို့ မခိုင်းတာလဲ။"

သူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရတော့ သူမ နာကျင်ဟန်ဆောင်လိုက်သည်။ "ဒီစာတွေကို သိမ်းထားတယ်ဆိုတာ ရှင်ဟာ အတိတ်မှာပဲ ရှိနေသေးတယ်ဆိုတာ ပြသနေတာပဲ။ ကျွန်မလို သက်ရှိလူသားတစ်ယောက်က အဲဒီစာတွေထက် အရေးမပါဘူးလား။ ရှင် ကျွန်မကို စာတွေနဲ့ပဲစကားဆက်ပြောပြီး ကျွန်မနဲ့အတူမနေချင်ဘူးလား။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now