အပိုင်း ၃၁

74 7 3
                                    

အခန်း ၃၁။ မင်းခင်ပွန်းဟောင်းရဲ့ညီအတွက်ကြောင့်နဲ့ ငါ့ကိုစွန့်ပစ်သွားတာလား။

မောင်လေး? ဆိုနီယာသည် မျက်မှောင် ကြုတ်ကာ ခေါ်ဆိုသူအမည်ကို စိုက်ကြည့်ကာ "ဆိုနီယာရိစ်ဒ်က ပြောနေတယ်၊ ​​ဒါပေမဲ့ ကျွန်မမှာမောင်လေးမရှိပါဘူး၊ ရှင်ဖုန်းမှားနေတာဖြစ်လိမ့်မယ်။" ဟု ပြောလိုက်၏။

"ဖုန်းမှားနေတာမရှိပါဘူး၊ သူက သူ့ကိုယ်သူ ရှင့်မောင်လေးလို့ ပြောပါတယ်။ သူ့နာမည်က တိုင်လာဖူလာပါ။ "

ဒီနာမည်ကို သူမကြားတာနဲ့ ဆိုနီယာဟာ
အရင်က တိုင်လာ လုပ်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အရာတွေကို သတိရသွားပြီး သူမ လန့်သွား၏။ "တောင်းပန်ပါတယ်
ဒါပေမယ့် ကျွန်မ သူ့ကို မသိဘူး။" ထိုသို့
ဖြင့် သူမ ချက်ချင်းဖုန်းချပစ်လိုက်သည်။

ချားလ်စ်က သိချင်စိတ်ဖြင့် မေးသည်။ "မောင်လေး? ကားလ်လား?"

"မဟုတ်ဘူး။ ဖုန်းမှားခေါ်တာ။"

ထို့နောက် ဆိုနီယာသည် ချားလ်စ် နှင့်အတူ ရုံးခန်းမှ ထွက်လာခဲ့သည်။ ဂျပန်အစားအစာအချို့စားရင်း ပါရာဒိုင်းကုမ္ပဏီ၏အနာဂတ်အစီအစဉ်များကို ဆွေးနွေးရန်စီစဉ်ထားကြတာဖြစ်သည်။ သို့သော် သူမ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်နှင့် သူမဖုန်းက ထပ်မြည်လာသည်။ ဆိုနီယာသည် အင်္ကျီကို၀တ်နေရင်း ဖုန်းကိုင်လိုက်သည်။ သို့ပေမယ့် ရဲမေအစား ဖုန်းတစ်ဖက်ကလူက တိုင်လာ ဖြစ်နေခဲ့၏။

"ဟေး၊ ဆိုနီယာ ကျွန်တော့်ကို ရဲစခန်းမှာ လာခေါ်ပေးဦး။"

သူမနှင့် တိုဘီတို့၏ အိမ်ထောင်သက် ခြောက်နှစ်တာကာလအတွင်း သူ့ညီဖြစ်သူ တိုင်လာက သူမကို နာမည်အပြည့်အစုံဖြင့် ခေါ်လိမ့်မည် သို့မဟုတ် သူမကို လုံးဝ နာမည်ပင် တပ်မခေါ်ခဲ့ပါ။ ယခုက သူမအား ဆိုနီယာဟုခေါ်တာ ပထမဆုံးအကြိမ်ပင်။ မည်သို့ပင်ဆိုစေကာမူ ဤလူသည် အလွန်ဝန်လေးနေပုံရသည်။ ဆိုနီယာကို ထိုကဲ့သို့ခေါ်ရန် သူ့ကိုယ်သူ အတင်းအကြပ်ဖိအားပေးနေပုံရသည်။ "မင်းအစ်ကိုနဲ့ ငါကွာရှင်းပြီးသွားပြီ။" ဆိုနီယာသည် တစ်ချိန်တည်းတွင် တိုင်လာနှင့် သူမကိုယ်သူမ သတိပေးနေခဲ့သည်။ "မင်းအစ်ကိုကို ဖုန်းဆက်ပြီး မင်းကို လာထုတ်ခိုင်းသင့်တယ်။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now