အပိုင်း ၂၁

119 7 1
                                    

အပိုင်း (၂၁) ငါ့အတွက် ဒီလက်ထပ်လက်စွပ်ကိုလည်း ရောင်းပေးပါ။

"အချစ်လေး၊ သူ့ကို မကြည့်နဲ့၊ ငါ့ကိုကြည့်၊ ဟုတ်ပြီလား။ " ချားလ်စ်သည် ဆိုနီယာ၏ အကြည့်ကို ပြတင်းပေါက်ထံမှ သူ့အား
ကြည့်လာရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ "ငါက ကားလ်ထက် ပိုချောတယ်လေ ဟုတ်တယ်နော်။ ဒါမှမဟုတ် မင်းက သူ့လို လူပျိုစစ်တွေကို ပိုကြိုက်တာလား။ "

သူမ၏အတွေးများ ပြတ်တောက်သွားပြီးနောက် ဆိုနီယာသည် သူမ ဒေါသထွက်ရမည်လား ရယ်ရမလား မသိတော့သော ကြောင့် သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ငယ်ငယ်တုန်းက နင့်ကို ကိုယ်ရည်သွေးတတ်သူလို့ ငါထင်ခဲ့တာ။ နင်က အဲထက်ပိုဆိုးနေမယ်ဆိုတာ ဘယ်သူသိမှာလဲ။"

"ငါက ငါ့ကိုယ်ငါ ဘယ်လောက်ခန့်ညားလဲဆိုတာ သိတယ်လေ!" ချားလ်စ်က ရယ်မောလိုက်သည်။ "တကယ်ပါ အချစ်လေးရယ်။ မင်း ငါ့ကို လက်မထပ်ချင်ဘူးလား။ သမုဒ္ဒရာနှလုံးသားဆိုတာ ဘာမှမဟုတ်သေးဘူး။ ငါက မင်းကို လက်ထပ်
ခွင့်တောင်းဖို့ ကမ္ဘာ့အထူးခြားဆုံး စိန်လက် စွပ်ကို ငါရှာပေးမယ်!"

ဆိုနီယာနှင့် ချားလ်စ်တို့ အတူတကွ ကြီးပြင်းလာခဲ့ကြပြီး မကြာခဏဆိုသလို တစ်ယောက်အိမ်တွင်နောက်တစ်ယောက်
နေလေ့ရှိကြသောကြောင့် အလွန်ရင်းနှီးကြသည်။ ချားလ်စ်သည် သူမစိတ်ပျက်နေမှန်းသိသောကြောင့် သူမအား ပျော်ရွှင်လာစေရန် ကြိုးစားနေကြောင်း ဆိုနီယာသိသည်။

သူ့စကားကြောင့် သူမ တကယ်ကိုရယ်မောနေပြီး သူမ လျစ်လျူရှုထားခဲ့သော အရာကိုပင် သတိရသွားလေသည်။ ဆိုနီယာသည် သူမ၏လက်ကိုင်အိတ်ကိုဖွင့်ကာ အိတ်ကပ်တစ်ခုထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။ ကားမီးရောင်မှိန်မှိန်လေးမှာပင် စိန်ကတောက်ပနေဆဲပင်။

ဒါက သူမရဲ့လက်ထပ်လက်စွပ်ဖြစ်ပြီး ဆိုနီယာက သူမလက်ထဲက လက်ထပ်လက်စွပ်ကို ကြည့်လိုက်တော့ ဒီနေ့ညဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမစိတ်ထဲလျင်မြန်စွာ ဖြတ်ပြေးသွားသည်။

တိုဘီက ဒူးထောက်ကာ တီနာကိုအလိုလိုက်နေသကဲ့သို့လက်ထပ်ခွင့်တောင်းနေသည့် မြင်ကွင်း နှင့် တီနာကို သူကာကွယ်ပေးသည့် မြင်ကွင်းကို သူမ သတိရမိကာ သူမ၏ငြိမ်သက်နေသော နှလုံးသားသည် လှိုင်းထလာပြန်သည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now