အပိုင်း ၂၅

148 12 2
                                    

အပိုင်း ၂၅  ကျွန်မနဲ့ပက်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်ခံစရာမလိုဘူး။

ဥက္ကဋ္ဌဖူလာ?

ဆိုနီယာသည် သီးသန့်အခန်းတံခါးကို ကြည့်လိုက်သည့်အခါ တိုဘီ၏အေးစက်သောအကြည့်နှင့်အကြည့်ချင်းဆုံတော့၏။ တစ်စက္ကန့်လောက်ကြာတော့ သူမက အကြည့်လွှဲပြီး လက်ထဲကလက်ဖက်ရည်အိုးကို လွှတ် လိုက်သည်။

"ဥက္ကဋ္ဌဖူလာ၊ ခင်ဗျား ဘာလို့ ဒီကိုရောက်နေတာလဲ။" ဆိုနီယာဘေးတွင်ထိုင်နေသော ချက်စတာက မတ်တပ်ထရပ်ကာ ယဉ်ကျေးစွာမေးသည်။

သီးသန့်ခန်းရှိ အမျိုးသားများအားလုံးသည် တိုဘီထက် မျိုးဆက်တစ်ဆက် နှစ်ဆက်ပင် ကြီးကြသော်လည်း တိုဘီ၏အင်အားသည် စီးပွားရေးလောကတွင် လူတိုင်းအတွက် သိသာထင်ရှားပါသည်။ ဖူလာအုပ်စုသည် လက်ရှိတွင် အထွတ်အထိပ်သို့ရောက်ရှိနေသဖြင့် တိုဘီ နှင့် အများရှေ့တွင် အငြင်းမပွားဝံ့ပေ။

တိုဘီသည် ဆိုနီယာကို တစ်ချက်ကြည့်ကာ လှမ်းဝင်လာပြီး သူ၏နက်ရှိုင်းသောအသံ
ဖြင့် ပြောသည်။ " မစ္စတာကင်း၊ ခင်ဗျား ဒီမှာ ဖဲကစားနေတယ်လို့ ကျုပ်ကြားတယ် ဒါကြောင့် နှုတ်ဆက်ဖို့ လာခဲ့တာ။ "

"ဒီ​နေ့​က သောကြာ​နေ့လေ။ အဆင်​​ပြေပါတယ်​။ လာ​ပြီး ဝင်ကစားပါဦး။" ဆိုနီယာရှေ့မှာ သူ မောက်မာပြခဲ့သမျှ ဒီအချိန်မှာတော့ တိုဘီကို ပြုံးကာသာ စကားပြန်ပြောနေသည်။ "ဥက္ကဋ္ဌရိဒ်စ်က ကုန်ပစ္စည်းတွေ အမှာစာအကြောင်းပြောဖို့ လာခဲ့တာဆိုတော့ သူက ကျုပ်တို့နဲ့ ခဏလောက်ကစားဖို့ နေခဲ့တာပါ။ "

ချက်စတာက ပြုံးကာ အသံထွက်လာသည်။ "မှန်ပါတယ်။ ငါက ဆိုနီယာရဲ့အဖေနဲ့ သူငယ်ချင်းပါ။ သူက ဖဲကစားတာ အရမ်းတော်တယ်၊ ဒါပေမယ့် သူမက ဆက်ရှုံးနေတော့ သူမက တော်တော် ကံမကောင်းနေတာဖြစ်ရမယ်။"

ကျန်သည့် သူဌေးနှစ်ဦးကလည်း စကားအနည်းငယ်ပြောကာ သဘောတူလိုက်ကြပြီး တိုဘီနှင့် စီးပွားရေးကဒ် လဲလှယ်ဖို့ အခွင့်အရေးယူလိုက်ကြ၏။ ထိုအချိန်တွင် ဆိုနီယာသည် သူမ၏ကတ်များကို တိတ်တဆိတ် ဆော့ကစားနေသည်။ သူတို့နှစ်ဦးထံမှ စီးပွားရေးကဒ်များကို လက်ခံရရှိပြီးနောက် တိုဘီသည် ပေါလ်ဆီသို့လျှောက်သွားကာ အမူအရာမဲ့ပြောသည်။ "ခင်ဗျားတို့တွေ ဆက်ကစားကြပါ။ ကျုပ်ကြည့်ရုံပဲ ကြည့်နေမယ်။ "

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now