အခန်း ၃၀။ မစ်ဆိုနီယာရိစ်ဒ်လား။ ကျေးဇူး ပြုပြီး ရဲစခန်းကိုချက်ခြင်းလာပေးပါ။
"ဟုတ်တယ်..ဒီနေ့ ရီနာ ဆုံးတဲ့နှစ်ပတ်လည်ပဲ..."
ကလေးလွမ်းသူ့ပန်းစည်းကို ကိုင်ဆောင်ထားသည့် ဂျူလီယာ၏လက်များသည် ငယ်ရွယ်စဉ်တွင် ဆုံးပါးသွားခဲ့သော သူမ၏ အကြီးဆုံးသမီးကို အမှတ်ရသွားချိန်တွင် တုန်ယင်သွားသည်။ အဆုံးမှာတော့ သူမ
မထိန်းနိုင်ဘဲ ငိုချပါတော့သည်။သမီးအကြီးဆုံးကို ဆုံးရှုံးလိုက်ရလို့ နှလုံး ကြေကွဲလွန်းသဖြင့် ဂျူလီယာက သူမ၏ အငယ်ဆုံးသမီးလေးကို အလုံးစုံအာရုံစိုက်ခဲ့တော့သည်။ သို့သော်လည်း နှစ်စဉ်နှစ်တိုင်း ရီနာ ကွယ်လွန်သည့် နှစ်ပတ်လည်နေ့ရောက်တိုင်းတွင် သူမသည် သူမ၏နှလုံးကိုဆုတ်ဖြဲ ခံရသလို ခံစားရဆဲဖြစ်သည်။
"ဒီမှာ၊ ဒီမှာ မငိုကြရအောင်။" ထိုက်ဒပ်စ်က ဂျူလီယာကို ပွေ့ဖက်ကာ နှစ်သိမ့်လိုက်သည်။ "ဒီနေ့ ရီနာ ကွယ်လွန်တဲ့နှစ်ပတ်လည် သာမက တီနာ ရဲ့စေ့စပ်ပွဲနေ့လည်း ဖြစ်တယ်။ တီနာက စေ့စပ်တော့မှာကို ရီနာသိရင်လည်း သူ့ညီမလေးအတွက် ပျော်ရွှင်နေမယ်ဆိုတာ သေချာပါတယ်။"
ဂျူလီယာသည် ပြင်းထန်စွာ ငိုကြွေးနေသဖြင့် ရင်ဘတ်ပင်အောင့်လာသည်။
"ဟင်နရီ ဆိုတဲ့ လူယုတ်မာကြောင့်သာ မဟုတ်ရင် ရီနာ မဖြစ်လောက်..." ဂျူလီယာက ရှိုက်ကြီးတငင်အသံဖြင့် ငိုကြွေးသည်။ထိုက်ဒပ်စ်၏မျက်လုံးများ မဲမှောင်သွားသည်။ "ရိစ်ဒ်မိသားစုက ပျက်ဆီးသွားပါပြီ၊ ဆိုနီယာ တစ်ယောက်ပဲ ကျန်တော့တယ်။"
လွန်ခဲ့သော ခြောက်နှစ်က ထိုက်ဒပ်စ်သည် သူ၏သမီးကြီးသေဆုံးမှုကို လက်စားချေရန်အတွက် ဟင်နရီကို သေစေခဲ့ပြီး ရိစ်ဒ်တွေကို ဖျက်ဆီးခဲ့သည်။ သို့သော် ထိုအချိန်က တိုဘီ နှင့်လက်ထပ်ထားပြီးဖြစ်သောကြောင့် ဆိုနီယာအပေါ်ကို လက်ဖျားနှင့်ပင်မထိနိုင်ခဲ့ပေ။ ခြောက်နှစ်အကြာတွင် ဆိုနီယာသည် ပါရာဒိုင်းကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူကာ ကုမ္ပဏီ၏အကြီးဆုံးရှယ်ယာရှင်ဖြစ်လာမည်ဟု ထိုက်ဒပ်စ်က အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။

YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........