အပိုင်း ၂၇။ ငါ နင့်ကို သင်ခန်းစာကောင်းကောင်းပေးရမယ်!
"တီနာ ဘာဖြစ်နေတာလဲ။" တီနာ၏မျက်နှာအမူအရာနှင့်ပတ်သက်ပြီး တစ်ခုခုလွဲနေပြီဟု အာရုံခံမိလိုက်သလိုပင် ဂျင်းန်က မေးလိုက်သည်။
တီနာက ချက်ချင်းဆိုသလိုပဲ သူမဖုန်းကို ပိတ်လိုက်ပြီး သိမ်မွေ့စွာပြောသည်။ "ဘာမှမဟုတ်ပါဘူး။ အမေက ကျွန်မကိုမက်ဆေ့ချ်ပို့ပြီး ဘယ်တော့ပြန်လာမှာလဲ မေးနေတာပါ။ ကျွန်မ နောက်မှ အကြောင်းပြန်တော့မယ်။ "
ဂျင်းန်က ဘာကိုမှသံသယမဝင်ဘဲ တိုဘီနဲ့ စကားပြောဖို့ လှည့်လိုက်၏။ ဂျင်းန်က သူမကို မကြည့်ဘူးဆိုတာ သေချာပြီးနောက်
တီနာက သူမဖုန်းကိုထပ်ကောက်လိုက်ပြီး သူမသူငယ်ချင်းကပို့တဲ့ မက်ဆေ့ခ်ျကို ဖတ်လိုက်သည်။သူမသူငယ်ချင်းက ဒီနေ့ Sakura Heights မှာ ဖဲရိုက်နေခဲ့သည်။ သူမက
တိုဘီကိုတွေ့ပြီး နှုတ်ဆက်ချင်ပေမယ့်
သူက ဆိုနီယာနောက် လိုက်နေတာကို တွေ့လိုက်သည်ဟုဆိုသည်။ ထို့နောက် နှစ်ယောက်သား ကားဘေးတွင်ရပ်ကာ အတော်ကြာ စကားစမြည်ပြောနေခဲ့ကြသည်။ဗီဒီယိုကိုမဖွင့်မီ တီနာသည် ဖုန်းအသံကို ပိတ်လိုက်သည်။ တိုဘီက ဆိုနီယာကို တစ်ခုခုပြောနေတာတွေ့ပြီး ထို့နောက် သူက သူမကို ကောက်ချီလိုက်ကာ ကားမောင်းမထွက်ခင် သူမအား ကားရဲ့ယာဉ်မောင်းထိုင်ခုံမှာ တင်ပေးလိုက်၏။
ဆယ်စက္ကန့်စာ ဗီဒီယိုအတိုလေးပဲ ဖြစ်ပေမယ့် တီနာက ဖုန်းကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ခြေလက်များ အေးစိမ့်သွားသလို ခံစားလိုက်ရ၏။ သူတို့ ကွာရှင်းထားကြတာ မဟုတ်ဘူးလား။ ဒါဆို တိုဘီက ဆိုနီယာရဲ့ကားထဲကို ဘာလို့ ဝင်သွားတာလဲ။ ပြီးတော့ သူက ဘာလို့ ငါ့ကို လိမ်နေတာလဲ။
တီနာသည် ထိုည ညစာစားပွဲ၌ တိုဘီက သူမဘက်တွင် ရှိနေပုံရသော်လည်း ဆိုနီယာ တောင်းဆိုလာသည်နှင့် ဆိုနီယာကို အရှက်မခွဲချင်သောကြောင့် သမုဒ္ဒရာနှလုံးသားအား သူမ(ဆိုနီယာ)ကို ပေးခဲ့သည်။ ပြီးတော့ ဒီနေ့ ဗွီဒီယိုကတော့.....
တီနာက သူမနှလုံးသားထဲမှ ထိတ်လန့်မှုကို ခံစားလိုက်ရ၏။ တိုဘီ နှင့် ဆိုနီယာ ကွာရှင်းပြတ်စဲခဲ့ကြသော်လည်း တိုဘီသည် သူမအပိုင်လုံး၀မဖြစ်သေးမည်ကို စိုးထိတ်နေခဲ့သည်။ သူမခိုးယူထားသည့် အရာတစ်ခုကို သိမ်းထားဖို့ ရည်မှန်းထားလို့ ဖြစ်နိုင်ပါ့မလား။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........