Unicode
အပိုင်း ၂၉။ လျော်ကြေးက အရမ်းကပ်စီးနည်းလွန်းတယ်။
ဇိန့်သည် တိုဘီ၏ အုံ့မှိုင်းသောမျက်နှာကို လျစ်လျူရှုပြီး "ဒါ့အပြင် ပါရာဒိုင်းကုမ္ပဏီကို မင်းဘာကြောင့်သရက်သီးပို့ခိုင်းတာလဲ။" ဟု ထပ်မေးပြန်သည်။
တိုဘီ မျက်ခုံးပင့်လိုက်သည်။ "ငါ မပို့ခိုင်းပါဘူး။" သရက်သီးအကြောင်းနှင့်ပက်သက်ပြီး ဆိုနီယာကို ဂျင်းန်က ကြိမ်းမောင်းခဲ့ပုံကို ဇိန့် ရှင်းပြပြီးနောက် တိုဘီ၏မျက်နှာသည် ပို၍ပင် မည်းမှောင်သွား၏။ ထို့နောက် ၎င်းကို စစ်ကြည့်ရန်အတွက် လေးရာသီသစ်သီးခြံကို အမြန်ဖုန်းခေါ်လိုက်သည်။
ထိုကိစ္စကို စစ်ဆေးပြီးနောက်မှာ တာဝန်ခံက အမြန်တောင်းပန်လာသည်။ "တောင်းပန်ပါတယ် ဥက္ကဋ္ဌဖူလာ၊ ပို့ဆောင်ပေးသူဟာ ခင်ဗျားကွာရှင်းထားတာကို မသိလိုက်ဘဲ မစ်ရိစ်ဒ်က ခင်ဗျားရဲ့ဇနီးဖြစ်နေဆဲလို့ ထင်တဲ့အတွက် သရက်သီးတွေကို မစ်ရိစ်ဒ်ရဲ့ကုမ္ပဏီကိုပဲ သွားပို့လိုက်တာပါ။ ကျွန်တော် အထူးပဲ တောင်းပန်ပါတယ်။"
တိုဘီက သူ့ဖုန်းကို စပီကာဖွင့်ထားတာကြောင့် သူ့ဘေးနားထိုင်နေသော ဇိန့်ကလည်း အကြောင်းအရာကို ကြားနေရ၏။ "အိုး၊ သနားစရာ ဆိုနီယာ။ မင်းအမေက မှားပြီး စွပ်စွဲခံလိုက်ရတယ်။ "
တိုဘီသည် စိတ်သောကရောက်သွားသလို ခံစားရကာ သူ၏မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ Sakura Heights မှာ တစ်စုံတစ်ယောက်က သူ့ကို တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်ဖို့ သတ္တိရှိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ထို့အပြင် သရက်သီးများ မှားယွင်းပို့ဆောင်ခံရမည်ကိုလည်း သူ မမျှော်လင့်ထားဘဲ ဂျင်းန်မှ ဆိုနီယာကို ပါရာဒိုင်းကုမ္ပဏီ၌ ထိပ်တိုက်တွေ့စေခဲ့သည်။
စားပွဲထိုးမှ ဟင်းပွဲများချပေးပြီး ထွက်သွားသည်ကို စောင့်နေပြီးနောက် တိုဘီက ဇိန့်ကိုမေး၏။ "ဆိုနီယာက Rentoor တာဝန်ခံနဲ့ စကားပြောပြီးပြီလား?"
"အင်း၊ ကြာသပတေးနေ့မှာ Rentoor စက်ရုံကို သွားကြည့်လိမ့်မယ်။ "
ဇိန့်က ဆိုနီယာကိုတောင် ချီးကျူးလိုက်သေး၏။ "မင်း Rentoor ကို ကြိုမပြောပေးခဲ့ရင်တောင် သူတို့က ဆိုနီယာ စကားပြောကောင်းလို့ သူမနဲ့ပူးပေါင်းဖို့ ဆန္ဒရှိနေတုန်းပဲလို့ ငါတော့ထင်တယ်။ သူမက စီးပွားရေးလောကထဲကို ဝင်ရောက်လာကာစ ဆိုပေမယ့် သင်ယူနိုင်နှုန်းက မြန်တယ်၊ အဲဒါက တကယ်ကိုတစ်ခုခုပဲ။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Storie d'amoreဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
