အပိုင်း ၁၈

111 12 6
                                    

အပိုင်း (၁၈) ခမ်းနားကြီးကျယ်သောအခမ်းအနားပွဲ

သူမပတ်ဝန်းကျင်ရှိလူတိုင်းက အံ့အားသင့်နေကြသော်လည်း ဆိုနီယာက အားလုံးကို မျက်ကွယ်ပြုထားခဲ့သည်။ ထူးဆန်းသော အပြုံးဖြင့် သူမသည် ဒူးတစ်ဖက်ထောက်နေသော တိုဘီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် ဂျူလီယာကိုကြည့်ကာပြောသည်။ "ပထမဆုံးအနေနဲ့ မဖိတ်ခေါ်ဘဲ ဒီကိုလာခဲ့လို စိတ်မကောင်းပါဘူး။ ဒုတိယအနေနဲ့ကတော့ ရေပန်းစားနေတဲ့ ဗီဒီယိုက တကယ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်သူက အတည်ပြုနိုင်မလဲ။ ရှင်က လွန်ခဲ့တဲ့ခြောက်နှစ်ကကိစ္စကို ကျွန်မနဲ့စာရင်းရှင်းချင်တယ်ပေါ့။ ကျွန်မက တကယ်ကို မှားယွင်းစွပ်စွဲခံခဲ့ရတာလေ။"

သူမစကားပြောနေစဉ် သူမ၏အကြည့်များသည် တီနာ ဆီသို့ရောက်သွားသည်။
တီနာ၏မျက်နှာသည် ဖြူဖျော့သွားကာ
တိုဘီ၏နောက်တွင် အမြန်ပုန်းနေလိုက်သည်။ ဒါကို လူတိုင်းမြင်တော့ ဆိုနီယာကို
စပြီး ကြိမ်းမောင်းကြတော့သည်။

"ဒီမိန်းမက သတ္တိတော်တော်ရှိတာပဲ။ လွန်ခဲ့တဲ့ခြောက်နှစ်က သူမကားနဲ့ဝင်တိုက်မိခဲ့ပေမယ့် ညစာစားပွဲလာဖို့ ရဲတင်းနေတုန်းပဲ!"

"ဟုတ်ပါ့၊ ကြည့်လိုက်ပါအုံး။ မစ်ဂရေးက အရမ်းကြောက်နေပြီ။ သူမ တကယ်ကို ဘောင်ကျော်နေတာပဲ။"

ဂျူလီယာသည် သူမ၏ချစ်လှစွာသောသမီးက မည်မျှကြောက်နေသည်ကို သတိပြုမိသော်လည်း ဆိုနီယာနှင့်မဆီမဆိုင်တာတွေပြောဆိုရန် သူမစိတ်မ၀င်စားခဲ့ပေ။ "ဘယ်လောက်တောင် နှုတ်သီးကောင်းလျှာ ပါးလိုက်တဲ့ မိန်းကလေးပဲ၊ မင်းက မှားပြီးစွပ်စွဲခံရတယ်လို့ ပြောနေမှတော့ ရဲကိုသွားပြီးရှင်းပြလိုက်လေ။ "

ဂျူလီယာက ဖုန်းခေါ်တော့မည့်အချိန်တွင် တိုဘီက သူမကို တားလိုက်သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ထိုလူက နောက်ဆုံးတွင် စကားပြောလာသည်။
"ဆိုနီယာ၊ မင်းဒီကို မလာသင့်ဘူး။"

သူက ငါ့ကိုခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား?။ ဆိုနီယာက တခြားသူတွေ တွေးထင်နေတာကို ဂရုမစိုက်ဘဲ အားပါးတရပြုံးလိုက်ပြီး မျက်ခုံးပင့်ပြရင်း ခပ်ထေ့ထေ့ပြောသည်။ "ဒါဆို ကျွန်မ ဘယ်ကိုသွားရမလဲ ဥက္ကဋ္ဌဖူလာ၊ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လက် ထပ်ခဲ့ကြတာ ခြောက်နှစ်ကြာတယ်။ ရှင်က ကျွန်မ အပေါ်မကောင်းပေမယ့် ရှင့်ကိုသစ္စာဖောက်တဲ့အလုပ် ကျွန်မ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မကိုထိခိုက်အောင်လုပ်ဖို့အတွက် ဗီဒီယိုအတုကို ရှင်ဘယ်လိုလုပ်တင်နိုင်ရတာလဲ။ အင်တာနက်မှာ ကျွန်မ အဆဲအဆိုခံရပြီး သေစေချင်နေတာလား။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now