အပိုင်း ၂

156 12 0
                                    

အပိုင်း (၂) နောက်ထပ် ဘယ်တော့မှ သည်းမခံတော့ဘူး

ဆိုနီယာ၏တောင်းဆိုမှုကို တိုဘီက သဘော တူခဲ့သည်မှာ တီနာ နိုးထရန်အခွင့်အရေးမရှိဟု ဆရာဝန်များက သေချာပြောခဲ့သော ကြောင့်ဖြစ်သည်။ သို့ပေမယ့် သူက သူမအပေါ်ကို အမြဲတမ်းလျစ်လျူရှုပြီး အေးစက်နေခဲ့သည်။

ဆိုနီယာက မေးစေ့ကိုမော့ကာ တုန်လှုပ်ခြောက်ခြားမနေဘဲ သူ့ကို တည့်တည့်ကြည့်လိုက်သည်။ "ကျွန်မက ရှင့်ဇနီးပါ။ သူ(မ) အိမ်ထဲဝင်လာရင် ကျွန်မက ဘာလို့ထွက်သွားရမှာလဲ။ "

တိုဘီ ချက်ချင်းလှည့်ကြည့်လိုက်ကာ သူ့အမူအရာက တဖြည်းဖြည်း နစ်မြုပ်သွားပြီး သူ့မျက်လုံးထဲမှ အမှောင်ထုက ပိုပိုပြီး ကြောက်စရာကောင်းလာသည်။ "ဘာလို့လဲ၊ တီနာရဲ့စကားအရ မင်းက လွန်ခဲ့တဲ့ခြောက်နှစ်မှာ သူမကားကို ဝင်တိုက်မိလို့ပဲလေ။"

ဆိုနီယာသည် ခဏမျှ ထိတ်လန့်ကာအံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ "ကျွန်မ မလုပ်ခဲ့ဘူးလို့​ပြောရင်​ ရှင် ကျွန်မကိုယုံမှာလား။ "

တိုဘီက သူမအနားကို ခြေတလှမ်းပြီးတလှမ်း ချည်းကပ်လိုက်သည်။ နောက်ဆုံးတွင် သူမကို ထောင့်တစ်နေရာသို့ အတင်းတွန်းပို့ရင်း အေးစက်စွာအော်ဟစ်လိုက်ကာ "မင်းကို ယုံမယ်ထင်နေလား။ "

သူ၏နက်မှောင်သော မျက်လုံးများဖြင့် သူမကိုစိုက်ကြည့်ကာ ၎င်းတို့ထဲတွင် ရွံရှာခြင်းမှတပါး အခြားမရှိပေ။

"မင်းက စိတ်မနှံ့ဖြစ်နေတဲ့မိန်းမပဲ။ တီနာ နာကျင်ခံစားခဲ့ရတာကို မင်းဆီကနေ အဆပေါင်းရာနဲ့ချီပြီး ပြန်ဆပ်ခိုင်းဖို့ ငါမစောင့်နိုင်တော့ဘူး!" တိုဘီ၏မျက်နှာသည် အေးစက်နေမှုများဖြင့်ပြည့်နေသည်။

သူ့မျက်လုံးထဲရှိ ရက်စက်မှုကိုမြင်လိုက်ရတော့ ဆိုနီယာ အံ့ဩသွားသည်။ ခြောက်နှစ်ရှိပြီ။ သူ့ရဲ့ခုခံမှုကို နည်းနည်းလေးလောက်တော့ ဖြတ်ကျော်နိုင်မယ်လို့ သူမထင်ခဲ့ပေမယ့် သူ့နှလုံးသားက ရေခဲလိုအေးစက်နေဆဲပင်။

"အဲလို ကိစ္စမျိုးကို ကျွန်မ မလုပ်ခဲ့ဘူး။"
ဆိုနီယာက သူမနှုတ်ခမ်းကို တွန့်ကွေးလိုက်၏။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now