အပိုင်း ၁၅

98 10 0
                                    

အပိုင်း (၁၅) တီနာ၏ကြင်နာသောအတွေး

နေ့လယ် ၁ နာရီလောက်မှာ ဂျင်းန်သည် မှုန်ကုပ်ကုပ်မျက်နှာထားနဲ့ ပြန်လာ၏။
တိုင်လာက ဂိမ်းဆော့နေရင်း သူ့အမေကို တွေ့တော့ သာမာန်ကာလျှံကာဖြင့် မေးလိုက်သည်။ "အမေ၊ ဒီတစ်ခါ အမေ့ကို ဘယ်သူက ဒေါသထွက်အောင်လုပ်တာလဲ။ "

ဂျင်းန်က သူမအိတ်ကို ဆိုဖာပေါ် ပစ်တင်ပြီး ဒေါသတကြီး ထိုင်ချလိုက်သည်။ "ဒါတွေအားလုံးက ဆိုနီယာရဲ့အမှားပဲ!"

"ဘယ်သူ?" တိုင်လာသည် ဂိမ်းခလုတ်ပြားကို အမြန်ချကာပြေးလာသည်။ "အမေ၊ သူမကိုတွေ့ဖို့သွားတာခဲ့လား။ "

"ငါက ဘာလို့ ရည်ရွယ်ချက်ရှိရှိနဲ့ သူ့ကိုတွေ့ချင်ရမှာလဲ။ ဟိုအရင်က ဇိမ်ခံအမှတ်တံဆိပ်စင်တာမှာ ဆုံခဲ့ဖူးတယ်။ သူမနဲ့ သူမချစ်သူနှစ်ယောက် အုပ်စုဖွဲ့ပြီး ငါ့ကို အနိုင် ကျင့်ခဲ့ကြတယ်လေ။ သူတို့ ဘာတွေလုပ်ခဲ့ကြလဲ မသိပေမယ့် ဒီနေ့ အမေ့သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တုန်း၊ လုံခြုံရေးက  ဝင်ခွင့်မပေးဘဲ နာမည်ပျက်စာရင်းအသွင်းခံထားရတယ်လို့ ပြောလာခဲ့တယ်လေ။ ”

ဂျင်းန်က ဒေါသတကြီးနဲ့ ဆက်ပြောနေရင်း စိတ်ဆိုးလွန်းသဖြင့် အံကြိတ်ထားရသည်မှာ သွားများကျွတ်မတတ်ပင်။  “စုစုပေါင်း အမျိုးသမီး ငါးဦးကနေ ခြောက်ဦးလောက်ရှိတာကို သူတို့က အမေကလွဲပြီး တခြားလူတွေကို ဝင်ခွင့်ပြုတယ်။ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်လဲ။ ငါက ယုတ်ညံ့တဲ့သူတစ်ယောက်လို သူများတွေ ငါ့ကိုကြည့်တဲ့ပုံစံကို သား မမြင်လို့။ ဂါး! အဲဒီ ခွေးမဆိုနီယာကို အရမ်းမုန်းတယ်!"

သူမ၏အသံက ကျယ်လွန်းသောကြောင့်
တိုဘီ နှင့် တီနာက အောက်ထပ်ကို အတူတူ ဆင်းလာခဲ့ကြသည်။

"ဘာဖြစ်တာလဲ?"

တိုဘီက သူ့လက်ကောက်ဝတ်မှ ကြယ်သီးတွေကို တပ်နေပြီး၊ မီးခိုးပြာရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပုံက အလွန်ကျစ်လစ်
ကြည့်ကောင်းနေသည်။ တီနာလည်း ကောင်းစွာဝတ်စားထားပြီး သန့်စင်သောအဖြူရောင်စကတ်ဖြင့် နှင်းပန်းကဲ့သို့နူးညံ့သိမ်မွေ့ကာ သန့်စင်နေသည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now