အပိုင်း ၃၃

70 5 0
                                    

အပိုင်း ၃၃။ ခင်ဗျားရဲ့တက်တူးက ကျွန်တော့်အစ်ကိုနာမည်လား?

ဆိုနီယာသည် တံခါးမဖွင့်မီတွင် သူမ၏ တက်တူးစာလုံးများကို ဖုံးအုပ်ရန် သူမ၏ ဆွယ်တာအင်္ကျီကို အမြန်ဆွဲချလိုက်သည်။ တိုဘီ နှင့် တီနာသည် တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို မမျှော်လင့်စွာ သူမတွေ့လိုက်ရသောအခါ သူမ အံ့အားသင့်သွားသည်။

တိုဘီသည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့ဘေးတွင်တော့ သူမအားဖြူဖွေးနူးညံ့ပြီး လှသွေးကြွယ်စေသော ရှန်ပိန်ရောင် ညနေခင်းဂါဝန်ကို ၀တ်ဆင်ထားသည့် တီနာဖြစ်သည်။ နှစ်ယောက်သား တွဲရပ်လိုက်သည့်အခါ တစ်ယောက်နဲ့တစ်ယောက် သဟဇာတဖြစ်ပုံရနေ၏။ ဆိုနီယာ၏ရှုပ်ပွနေသောဆံပင်နှင့် ပန်းနုရောင်ပါးပြင်များကို မြင်သောအခါ သူသည် ချက်ချင်းပင် အေးစက်လာပြီး "တိုင်လာ ဘယ်မှာလဲ။" ဟု အသံတိုးတိုးဖြင့် မေးလာသည်။

"သူ ကျွန်မနေရာရောက်နေတာကို ရှင်ဘယ် လိုသိတာလဲ?" သူမက အမေးဖြင့် ပြန်ဖြေ သည်။ "ကျွန်မ ဘယ်မှာနေတယ်ဆိုတာတောင် ရှင်သိတယ်ဆိုတော့ ရှင် ကျွန်မနောက်ကိုလိုက်နေတာလား?။"

တီနာသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ နူးညံ့သောအသံဖြင့် ပြန်ဖြေသည်။ "မစ်ရိစ်ဒ်၊ ရှင့် အတွေးမှားနေပြီ။ တိုဘီနဲ့ သူ့မိဘတွေက ဒီည ကျွန်မမိသားစုနဲ့ ညစာအတူစားကြတယ်လေ။ တိုင်လာက ဟိုတယ်မှာမရှိတာကို သူတွေ့ပြီး ဖုန်းနဲ့ဆက်သွယ်လို့မရတာကိုတွေ့တော့ တိုင်လာရဲ့ ဖုန်းတည်နေရာကိုစစ်ဆေးခဲ့တယ်။ ပြီးတော့ ရှင့်ရဲ့အခန်းနံပါတ်ကို လုံခြုံရေးကို ကျွန်မတို့တောင်းလိုက်တာပါ။"

ဆိုနီယာသည် ပျင်းရိသော်လည်း ဆွဲဆောင်မှုရှိသော အပြုံးကိုပြုံးပြလိုက်သည်။ "ကျွန်မ သိပြီ။ ကွာရှင်းပြီးနောက်မှာ ဥက္ကဋ္ဌဖူလာက ကျွန်မကိုမမေ့နိုင်သေးလို့ ကျွန်မနောက်ကို လိုက်လာတယ်လို့ ထင်သွားလို့။"

တီနာ၏အပြုံး အေးခဲသွားသော်လည်း သူမက သိမ်မွေ့သောအမူအရာဖြင့်သာ တုံ့ပြန်နေခဲ့၏။ "တိုင်လာကိုခေါ်ဖို့ ဒီကိုရောက်နေတာပါ။ သူ့ကို မြန်မြန်ထွက်လာဖို့ ပြောပေးနိုင်မလား?"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now