Unicode
အခန်း ၄၀။ မင်း ငါ့ကိုမြူဆွယ်နေတာလား။
"နင် အခု အရမ်းဘောင်ကျော်လွန်းနေပြီနော် ချားလ်စ်!" မယ်လိုဒီက အေးစက်စွာ မှတ်ချက်ပေးသည်။ "နင်က
တီနာ နဲ့ ငါတို့ကျန်တဲ့သူတွေကို အကန်းတွေလို့ ထင်နေလား။ နင် သူမကို လက်စားချေနေတယ်ဆိုတာ ငါတို့ပြောနိုင်တယ်။ သူမမှာ ကိုယ်ကြပ်လက်ပြတ်အကျီတစ်ထည်ပဲ ကျန်တော့တာ။ နင်က ဘာထပ်လိုချင်သေးတာလဲ။"
ချားလ်စ်သည် ရှုပ်ထွေးသောအမူအရာဖြင့် ပခုံးတွန့်ရုံသာတွန့်ဖြစ်သည်။ "ငါအနိုင်ရတယ်လေ။ ဒါကြောင့် သူ့အဝတ် အစားတွေကို ချွတ်သင့်တယ်မဟုတ်လား? ဆိုတော့ ငါဘယ်အချိန်က ဘောင်ကျော်လွန်းတာ ဖြစ်သွားတာလဲ။ မဟုတ်လည်း မင်းအဝတ်အစားတွေချွတ်ပြီး သူ့ကို ကူညီပေးနိုင်တယ်!"
ထိုစကားကိုကြားလိုက်ရတော့ သူမစကားမပြောနိုင်တော့ပေ။ အပူပေးစက်သည် အခန်းကို အလွန်နွေးထွေးစေသောကြောင့် သူမသည် ကိုယ်ကြပ်ဂါဝန်ရှည်ကိုသာ ၀တ်ထားသည်။ ဒါပေါ့ တီနာကိုကူညီဖို့အတွက် သူမကိုယ်သူမအရှက်ရစေလိမ့်မည်မဟုတ်ပေ။
"တော်တော်နောက်ကျနေပြီဆိုတော့ ငါတို့ ဒီမှာ အဆုံးသတ်သင့်တယ်။" တိုဘီ သည် တီနာဆီသို့ လျှောက်သွားပြီး သူ့ကုတ်အင်္ကျီကို သူမအား ခြုံပေးလိုက်သည်။ ချားလ်စ်က ဘာမှပြန်မပြောခင် တိုဘီက ထူးမခြားနားစွာ ထပ်ပြောသည်။ "မနက်ဖြန်မနက် မင်းဆီကို သန်း 30 လွှဲပေးဖို့ ငါ့စာရင်းကိုင်ကို ပြောလိုက်မယ်။ ဖူလာအုပ်စုက Snoway ကို ဝယ်ယူတာကနေ ရုပ်သိမ်းပေးပြီး အဲအစား ကုမ္ပဏီကိုရယူရာမှာ မင်းကိုကူညီပေးဖို့ ငါ့အဖွဲ့ကို ပြောထားလိုက်မယ်။"
ချားလ်စ်သည် တီနာကို အရှက်ရစေခဲ့ပြီးပြီဖြစ်ပြီး တိုဘီက ခြေတလှမ်းနောက်ပြန်ဆုတ်ပေးသွားသဖြင့် သူ၏ လှောင်ပြောင်နေခြင်းကို ရပ်တန့်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်ဟု ခံစားခဲ့ရသည်။ "ဆယ်နှစ်သားအရွယ်မှာ ဆိုနီယာက သူ့အဖေနဲ့ ဖဲကစားတုန်းကတောင် သူ့အဖေက ရှုံးသွားခဲ့တယ်၊ ငါဆိုရင် ပြောမနေနဲ့တော့။" သူ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အမှိုက်ပုံးထဲသို့ မီးငြိမ်းပြီးသောစီးကရက်ကို ပစ်လိုက်သည်။ "မင်းတို့ စောစောက သူမနဲ့ကစားတုန်းက မင်းတို့အနိုင်ရခဲ့ပုံပေါက်ပေမယ့် အမှန်တော့ သူမက မင်းတို့နဲ့ မကစားချင်ရုံလောက်ပဲ။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
