အပိုင်း (၅) ဒိုင်ယာရီ ဘယ်သူရေးခဲ့တာလဲ?
ချားလ် နှင့် ကားလ်ကို လက်ပြနှုတ်ဆက်ပြီးနောက် ဆိုနီယာသည် သူမအဖေ၏အိမ်ဟောင်းသို့ ပြန်သွားခဲ့သည်။ အိမ်တွင်းနေရာတိုင်းတွင် ဖုန်မှုန့်များရှိနေသဖြင့် အချိန်အကြာကြီးကတည်းက သန့်ရှင်းရေးမလုပ်ထားရဘူးဟု ဆိုလိုခြင်းဖြစ်သည်။
ချက်ချင်းပင် ဆိုနီယာသည် သူမ၏ခါးဝတ်စကို၀တ်ကာ သန့်ရှင်းရေးလုပ်သည်။ ဆိုဖာအောက်ကနေ တိုဘီနှင့်သူမ၏ မင်္ဂလာဆောင်ဓာတ်ပုံကို တွေ့လိုက်ရသည်။ ဓာတ်ပုံထဲတွင် သူမဟာပန်းတစ်ပွင့်လို ပြုံးနေချိန် သူမဘေးတွင်ရပ်နေသော တိုဘီ သည် သူ့မျက်ခုံးကြားတွင် စိတ်မရှည်စွာဖြင့် ရုပ်သေကြီးဖြစ်နေခဲ့သည်။
၎င်းဘေးမှာ သူမ၏ဒိုင်ယာရီကိုလည်း ကပ်လျက်ထားထား၏။ ဒိုင်ယာရီတွင် တိုဘီ နှစ် သက်သည့်အရာများဖြစ်သည့် အစားအစာ၊ အသုံးအဆောင်နှင့် သူ၏ဝါသနာများစာရင်းကို မှတ်တမ်းတင်ထားသည်။ ယခင်က သူမဘဝသည် တိုဘီနှင့်သာ လည်ပတ်နေခဲ့သည်။ ခက်ခက်ခဲခဲရခဲ့တဲ့ အိမ်ထောင်ရေးကို စီမံခန့်ခွဲဖို့ သူမ ခက်ခက်ခဲခဲကြိုးစားခဲ့ပေမယ့် အမှန်တရားကတော့ သူမကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေဆဲဖြစ်ခဲ့သည်။
ဒါကိုတွေးပြီး ဆိုနီယာက ခေါင်းကိုမော့ပြီး မျက်ရည်တွေကို ထိန်းထားလိုက်၏။ နောက်တစက္ကန့်မှာ မက်ဆေ့ခ်ျသတိပေးချက်တစ်ခု ထွက်ပေါ်လာပြီး သူမ ဖုန်းကောက်ကိုင်လိုက်တဲ့အခါ ကားလ်က စာပို့လာကြောင်း သိလိုက်ရသည်။
'ဆိုနီယာ၊ ခင်ဗျား ကျွန်တော့်ကို လွန်ခဲ့တဲ့ခြောက်နှစ်က ကူညီခဲ့ပြီး အခုတော့ ခင်ဗျားကို ကျွန်တော်ကူညီမယ်။ အတိတ်ကိုစွန့် လွှတ်ပြီး လုပ်ချင်တာမှန်သမျှကို လုပ်ပါ။ ကျွန်တော်က ခင်ဗျားရဲ့ကျောထောက် နောက်ခံ ဖြစ်ပေးမယ်။"
ဖတ်ရင်းနဲ့ ဆိုနီယာရဲ့နှလုံးသားကို နွေးထွေးမှု ဖုံးလွှမ်းသွားသည်။ ကားလ်က သူမကို စေတနာနဲ့ ရိုးရိုးရှင်းရှင်း ပြန်ဆပ်ချင်တယ်လို့ ပြောခဲ့ပေမယ့် သူမ ဘယ်သူ့ကိုမှ အားမကိုးချင်တော့ဘူး။ တိုဘီကိုလက်ထပ်ပြီးကတည်းက သူမဟာ ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့ သူမရဲ့စိတ်နေစိတ်ထားနဲ့ ကိုယ်ရည်ကိုယ်သွေးအားလုံးကို စွန့်လွှတ်ခဲ့သည်။ သူမသည် မည်မျှအေးစက်ပြီး ပူပင်ကြောင့်ကြမဲ့လေ့ရှိသည်ကို သူမမေ့လုနီးပါးဖြစ်ခဲ့သည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........