Unicode
အပိုင်း ၅၈။ မင်းရဲ့ပြန်လည်ပြီးအသုံးပြုထားတဲ့ခင်ပွန်းကို အခြားလူတစ်ဦးက ယူသွားမှာ အရမ်းစိုးရိမ်နေတာပဲ။
တီနာက ပြုံးရွှင်နေသောမျက်နှာဖြင့် အမျိုးသား၏လက်မောင်းကိုဖက်ကာ ဝမ်းမြောက်စွာပြောသည်။ "ကျမ မေ့မြောနေတာ ကြာပြီမို့ နှင်းလျှောစီးနည်းကို မေ့သွားပြီ။ နောက်နေ့ကျ နှင်းလျှောစီးကွင်းကိုရောက်တာနဲ့ ရှင်က ကျမကို သင်ပေးရမယ်နော်။!"
တိုဘီက သူမခြေထောက်ကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်ကာမေးသည်။ "မင်းခြေထောက်က အဆင်ပြေတာ သေချာလား။"
"ဒါက ဒဏ်ရာအသေးစားပဲ၊ ဒါ့အပြင် ကျမဆေးရုံတက်နေတာလည်းကြာပြီဆိုတော့၊ အရင်နှစ်တွေကတည်းက ပြန်ကောင်းလာပြီ။" တီနာက ပေါ့ပေါ့ပါးပါး ပြုံးပြီး သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ "ရှင်အချိန်ရတုန်း ကျမနဲ့ ခရီးတစ်ခုအဖော်လုပ်ပြီးသွားလည်ရတာရှားတယ်၊ ဒါကြောင့် ရှင်နဲ့ပျော်စရာတွေကို မျှဝေချင်တယ်။"
“ကောင်းပြီ” တိုဘီက တည်ငြိမ်စွာ တုံ့ပြန်သည်။ တီနာသည် သူမ ဆေးရုံဆင်းပြီးသည်နှင့် အပျော်ခရီးထွက်ချင်သည်ဟု ပြောခဲ့ဖူး၏။ တိုက်ဆိုင်စွာပင်၊ တိုဘီသည် အားလပ်ချိန်အနည်းငယ်ရှိသောကြောင့် သူမနှင့်အတူအဖော်လိုက်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမသည် Mt. Buller အပန်းဖြေစခန်းသို့ ခရီးထွက်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ကြည့်ရတာ ဆိုနီယာက ငါ့ဆီက သတင်းရပြီးတာနဲ့ သောမတ်စ်ကိုတွေ့ဖို့ လာခဲ့ပုံပဲ။
ဆိုနီယာနှင့် ချားလ်စ်သည် နှင်းလျှောစီးကွင်းထဲသို့ ဝင်လိုက်သည်နှင့် ကိရိယာဆိုင်သို့သွားကာ ၎င်းတို့၏နှင်းလျှောစီးဝတ်စုံနှင့် ကိရိယာများကို ငှားလိုက်သည်။ ထို့နောက် အဝတ်လဲခန်းထဲတွင် အဝတ်အစားလဲလိုက်ကြသည်။
နှင်းလျှောစီးဖိနပ်နှင့် ဂျာကင်အင်္ကျီသည် အလွန်လေးလံသော်လည်း ကံကောင်းထောက်မစွာ ဆိုနီယာအတွက် ၎င်းတို့ကို အတော်လေး လျင်မြန်စွာ အသုံးပြုနိုင်လာခဲ့သည်။ နှင်းလျှောစီးတဲ့လမ်းတိုင်းက လူတွေပြည့်နေသည်ကိုတွေ့တော့ သူမဆင်းလာခဲ့သည်။
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Романтикаဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
