Unicode
အခန်း ၄၈။ သူမ၏ဒုတိယခင်ပွန်းအဖြစ် အကောင်းဆုံး ကိုယ်စားလှယ်လောင်း
ဇိန့်နှင့် စကားမပြောရစေရန် ဆိုနီယာ အိပ်ပျော်သွားဟန်ဆောင်လိုက်သည်။ Seafield အထက်တန်းကျောင်းကို ရောက်ခါနီးမှာ တိုင်လာ ဘယ်ရောက်နေလဲလို့မေးဖို့ သူမဖုန်းကို ထုတ်ခဲ့ပေမယ့် သူမရဲ့သတင်းအက်ပ်ကနေ စီးပွားရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို တွေ့လိုက်သည်။
၎င်းသတင်းမှာ ဂရေးအုပ်စု၏ Norfolk နှင့် Fredburg ရှိ ကုမ္ပဏီခွဲများမှ အမှုဆောင်နှစ်ဦးသည် ကုမ္ပဏီ၏ငွေ သန်း 500 ကို ခိုးယူသွားခဲ့ရာ ထိုက်ဒပ်စ်အား ဒေါသထွက်ပြီး သတိလစ်စေခဲ့သည်။ သူ့အား ဆေးရုံပို့သည့် ဆောင်းပါးအောက်မှာ ဓာတ်ပုံတစ်ပုံလည်းပါ၏။ ထိုက်ဒပ်စ် ရဲ့ပိုက်ဆံကို တစ်စုံတစ်ယောက်က ခိုးသွားတာလား။ ကောင်းလိုက်တာ!
သူမသတင်းကိုဖတ်ရင်း ဆိုနီယာသည် လက်ခုပ်တီးကာ ထိုက်ဒပ်စ်၏ပိုက်ဆံဖြင့် ထွက်ပြေးခဲ့သော အမှုဆောင်နှစ်ဦးကိုပင် ကျေးဇူးတင်စကားဆိုချင်နေခဲ့သည်။ သူမ၏မိသားစု ဒေဝါလီခံရမှုသည် ထိုက်ဒပ်စ်နှင့် ပတ်သက်မှု တစ်ခုခုရှိနေကြောင်း သူမ သိလာကတည်းက သူမ ဖခင်၏အမည်ကို ရှင်းလင်းရန် သက်သေအထောက်
အထား ကြိုးစားစုဆောင်းခဲ့သော်လည်း အဆုံးတွင် ဘာကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ထိုက်ဒပ်စ် ဆေးရုံတက်ရသည်ကိုမြင်ရ၍ သူမ ဝမ်းသာသွားခဲ့သည်။
ကားက ကျောင်းဂိတ်တံခါးကို ရောက်တဲ့အခါမှာတော့ ဇိန့်က ကားကိုရပ်လိုက်ပြီး ခါးပတ်ဖြုတ်ကာ ဆိုနီယာအားမေးသည်။ "မင်းဒီကိုဘာလာလုပ်တာလဲ? ငါမှန်မှန်ကန်ကန်မှတ်မိမယ်ဆိုရင် မင်းမိသားစု ဒေဝါလီခံတုန်းက မင်းရဲ့ဆွေမျိုးတွေကို အဆက်အသွယ်မလုပ်တော့ဘူးလေ။"
သူမမဖြေခင် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ရှင် ကျမရဲ့နောက်ခံသမိုင်းကြောင်းကိုတောင် စုံစမ်းနေရလောက်အောင် ရှင်က ကျမကိုအရမ်းဂရုစိုက်လိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး"
"ငါတို့နှစ်ယောက်က စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေမို့ ငါ့ကိုယ်ကျိုးစီးပွားကိုကာကွယ်ဖို့ မင်းကိုစုံစမ်းတာက ပုံမှန်ပါပဲ။ ဘာကပြဿနာဖြစ်နေလို့လဲ ဥက္ကဋ္ဌရိစ်ဒ်။ ငါက မင်းကို ကြိုက်နေတယ်လို့ မင်းတကယ်ထင်နေတာလား။" သူက တခစ်ခစ်ရယ်ကာ ပြုံးပြသော် လည်း သူမက သူ့ကို လျစ်လျူရှုခဲ့သည်။ "မင်းက အဲလိုတွေးတယ်ဆိုရင်လည်း ကောင်းပါတယ်လေ။ တခြားမိန်းမတွေနဲ့ ချိန်းတွေ့တာနဲ့မတူတဲ့ ခံစားချက်ကိုသိနိုင်ဖို့ ငါ့အချစ်ဆုံးသူငယ်ချင်းရဲ့ ဇနီးဟောင်းနဲ့ ချိန်းတွေ့ဖို့စိတ်ကူးကို ငါအရမ်းကြိုက်တယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
