အပိုင်း (၂၀) တိုဘီထံမှ ကြီးမားသောအကျိုးအမြတ် ရယူခြင်း
"မစ်ရိဒ်စ်၊ အရမ်းကြီး လွန်မလာနဲ့။" တီနာက စိတ်ပျက်နေပေမယ့် သည်းခံနေရ၏။
"ငါ့အဖေက နင့်ကို ဒီဗီဒီယိုနဲ့ပက်သက်ပြီး တောင်းပန်ပြီးပြီကို နင်ဘာလို့ လက်လွှတ်ဖို့ ဝန်လေးနေရသေးတာလဲ။ ငါ့ချစ်သူက ငါ့ကို လက်ထပ်ခွင့်တောင်းဖို့ပေးတဲ့ ဆွဲကြိုးကိုတောင် လုယူချင်နေတာလား။"ဆိုနီယာ မျက်ခုံးပင့်ကာ ရယ်လေသည်။
"နင်က ငါ သူ့ကိုကွာရှင်းပြီးရက်အနည်း ငယ်အကြာမှာပဲ ဥက္ကဋ္ဌဖူလာနဲ့တွဲခဲ့တယ်။ နင်က မစ္စစ်ဖူလာဖြစ်လာဖို့ မစောင့်နိုင်တော့လို့ သူ့ကို လိုချင်စိတ်ပြင်းပြနေသလားလို့တောင် ငါတွေးမိတယ်။""နက် ဘာမဟုတ်တာတွေ ပြောနေတာလဲ။ နင်ပဲ အဲလိုဖြစ်နေတာ သိသာနေတာပဲကို။"
"ပြီးတော့ မစ်ဂရေး၊ ငါ နင့်ဆီက ဘာကိုမှ လုယူဖို့ ရည်ရွယ်ချက်မရှိဘူး။ " တီနာက များများစားစား မပြောနိုင်ခင်မှာ ဆိုနီယာက ဖြတ်ပြောလိုက်သည်။ "နင်ကသာ ငါ့ကို ကျေးဇူးတင်လက်ဆောင် ပေးချင်နေတာလေ။ ငါက သမုဒ္ဒရာနှလုံးသားကို မျက်စိကျနေရုံပဲရှိတာ။"
တီနာက ပြောစရာစကားမဲ့နေခဲ့သည်။ သူမ၏နှုတ်ခမ်းကိုကိုက်ရင်း သူမ၏မျက် နှာသည် ညှိုးနွမ်းလုနီးနီး အဖြူရောင်ပန်းတစ်ပွင့်လို ဖြူဖျော့လာကာ ထိုနေရာတွင် ရပ်နေသည်။ သူကြည့်နေစဉ်တွင် ချားလ် သည် အထူးကြည့်ကောင်းသည်ဟု ခံစားရပြီး ဆိုနီယာကို လက်ခုပ်လက်ဝါးတီးကာချီးကျူးလုနီးပါးဖြစ်သွားခဲ့သည်။
"ဥက္ကဋ္ဌဖူလာ၊ ခင်ဗျား တစ်ခုခုပြောဖို့လိုတယ်။ တိတ်တိတ်လေး မနေနဲ့လေ။ " ချားလ်က အော်လိုက်၏။ " ခင်ဗျားက ပြောသလိုမလုပ်တတ်တဲ့လူများ ဖြစ်နိုင်နေမလား။ "
တိုဘီ၏ အကြည့်များ မှောင်မည်းသွားသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူသည် သမုဒ္ဒရာနှလုံးသား ထည့်ထားသည့် လက်ဝတ်ရတနာသေတ္တာကို ဆိုနီယာအား ပေးလိုက်၏။ ထိုသည်ကိုမြင်တော့ တီနာက ထိတ်လန့်သွားပြီး သူ့အင်းကျီလက်ကို ဆွဲလိုက်သည်။ "တိုဘီ၊ ဒီဆွဲကြိုးက ရှင် ကျွန်မကို လက်ထပ်ခွင့်တောင်းတဲ့ဆွဲကြိုးပါ၊ မ--"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........