အပိုင်း ၂၆

92 11 0
                                    

အပိုင်း (၂၆) အဆင်ပြေပါတယ်။ ရှင် အဲတာကိုလုပ်မယ်လို့ မဆိုလိုတာကို ကျွန်မ
သိပါတယ် ဥက္ကဋ္ဌဖူလာ။

ကားဘေးမှာရပ်နေကာ ဆိုနီယာက လေအေးအေးထဲမှာ ဖုန်းပြောနေခဲ့ပြီး သူမ အနည်းငယ်မူးဝေလာကာ ခြေထောက်များ ယိုင်နဲ့သွား၏။ တိုဘီ၏အကြည့်များ မှောင်မဲသွားပြီးနောက် ဆိုနီယာ၏လက်မှဖုန်းကို တည်ငြိမ်စွာဆွဲယူကာ ချပစ်လိုက်ပြီးနောက် သူမကိုပွေ့ချီကာ ကားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။

ရုတ်တရက် လေထဲသို့မြှောက်ခံလိုက်ရရာ ဆိုနီယာ တုန်လှုပ်သွားပြီး ထီးက သူမလက်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူမသည် ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာအနည်းငယ်အေးစက်လာသည်နှင့်အမျှ ထိုယောက်ျား၏အင်္ကျီကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"တိုဘီ ကျွန်မကို အောက်ချပေး!"

သူမကို လျစ်လျူရှုရင်း တိုဘီက ခရီးသည်ခုံတံခါးကိုဖွင့်ပြီး သူမအား ကားထဲထည့်လိုက်၏။ "ဥက္ကဋ္ဌဖူလာ၊ ရှင် ပြဿနာရှာလို့ပြီးပြီလား။" အဲဒီလူက ထိုင်ခုံခါးပတ်ကို ဆွဲနေသည်ကိုကြည့်ရင်း ဆိုနီယာက အေးစက်စက်ဖြင့် မာမာထန်ထန်ပြောသည်။  "ကားမောင်းသမားတစ်ယောက်ကို ကျွန်မရှာလို့ရတယ်။ ရှင် ကျွန်မကို ဂရုစိုက်စရာ
မလိုဘူး!"

အိမ်ထောင်သက် ခြောက်နှစ်တာကာလအတွင်း တိုဘီသည် သူမအား ဂရုမစိုက်ခဲ့ပေ။ သူတို့နှစ်ယောက် စကားလက်ဆုံကျသည်က လက်ချိုးရေ၍ပင်ရသည်။ သို့သော် ကွာရှင်းပြတ်စဲပြီးနောက် ရက်အနည်းငယ်အတွင်း သူမနှင့် တိုဘီ အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ကြသည်။ Seafield က ဘယ်တုန်းက အရမ်းကျဥ်းသွားတာလဲ။

တိုဘီသည် သူမမျက်နှာပေါ်ရှိ မသက်မသာ ဖြစ်မှုနှင့် ခေါင်းမာမှုကို သတိပြုမိပြီး စိတ်အနှောက်အယှက်ဖြစ်နေမှုများ သူ့နှလုံးသားထဲတွင် ပြည့်နှက်သွားသည်။ "ရာသီဥတုက အရမ်းဆိုးတယ်။ အစားထိုးယာဉ်မောင်းကို ခေါ်ရင်တောင် ဘယ်သူမှ မင်းရဲ့အခေါ်ကို လက်ခံမှာမဟုတ်ဘူး။"

"ခေါ်လို့ ရ၊ မရက ကျွန်မ ကိစ္စပါ။ "

"ဆိုနီယာ" တိုဘီ သူမထံသို့ တိုးကပ်လာသည်။ သူ၏အေးစက်သော ဝင်သက်ထွက်သက်က သူမကိုဖုံးလွှမ်းသွားကာ သူ့မျက်လုံးများက အေးစက်ပြီး သုန်မှုန်သွားခဲ့သည်။ "မင်း၊ ဒီလောက် ခေါင်းမာမှဖြစ်မှာလား?"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now