အပိုင်း ၃၇

793 42 3
                                        

Unicode
အခန်း ၃၇ တစ်ပတ်ရစ်ယောကျာ်း

ရေဗက္ကာသည် မကြာမီမှာပင် အခန်းထဲသို့ ပြန်ရောက်လာသည်။ ဆိုနီယာ၏
ဖဲချပ်များကို သူမမမြင်ရသေးမီ၊ တီနာ ၏မျက်နှာပေါ်ရှိ 'နူးညံ့သော' အပြုံးဖြင့်ပင် ရေဗက္ကာသည် ဘာဖြစ်သွားသည်ကို ခန့်မှန်းနိုင်နေပြီဖြစ်သည်။ ဆိုနီယာက ငါမရှိတဲ့အချိန်မှာ အတော်လေးရှုံးသွားတာဖြစ်ရမယ်။ 

ရေဗက္ကာသည် ဆိုနီယာဘေးတွင် ဝင်ထိုင်ကာ ဆိုနီယာလက်ထဲမှ ဖဲချပ်များကို တစ်ချက်ကြည့်လိုက်သည်။ နောက်ထပ် သုံးမရတဲ့ဖဲချပ်များပင်။ ထို့နောက် သူမက "ဥက္ကဋ္ဌရိစ်ဒ်၊ နင်နဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အမျိုးသမီးက တခြားမိန်းမ မဟုတ်ဘူး၊ သူက နင့်ခင်ပွန်းဟောင်းရဲ့ ချစ်သူနော်။ နင်တကယ်ပဲ သူ့ကို ဒီလို အနိုင်ခံနေမှာလား။"

"စိတ်မပူနဲ့။ ငါးပွဲမှာ သုံးပွဲပဲ ငါနိုင်ဖို့လိုတာ။ " ဆိုနီယာ ပြုံးသည်။ သူတို့နဲ့ ဖဲကစားဖို့ ထိုင်လိုက်ကတည်းက သူမဟာ အရင်ကလိုပင် အေးဆေးနေပုံရ၏။ သူမက ရေဗက္ကာကို ပြန်ဖြေနေစဉ်တွင် အခြားဖဲချပ်တစ်ခု ထပ်ဆွဲခဲ့သည်။

"နိုင်ပြီ" တီနာသည် သူမ၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးဖြင့် သူမ၏ဖဲချပ်များကို အောက်ချလိုက်သည်။ ရေဗက္ကာသည် ထိုစကားကိုကြားသော် ဘာစကားမျှမပြောနိုင်တော့ပေ။

"ဥက္ကဋ္ဌရိစ်ဒ်၊ နင် တီနာကို နှစ်ချီရှုံးပြီးပြီ။ ဆက်ကစားဖို့ မလိုတော့ဘူးထင်တယ်။" ဟု တီနာ၏သူငယ်ချင်းက ဟန်ကြီးပန်ကြီးပြောသည်။ "တီနာက သဘောထားသေးတဲ့သူ မဟုတ်ဘူး။ နင် သူ့ကို တောင်းပန်နေသရွေ့ နင့်ရဲ့ ခန္ဓာကိုယ်ပေါ်က တက်တူးကိုဖယ်ရှားဖို့ အကောင်းဆုံး တက်တူးပညာရှင်ကို ငါတို့ ခန့်ပေးမယ်။"

တီနာသည် ဆိုနီယာကိုကြည့်ရင်း ခေါင်းကို အနည်းငယ်မော့လိုက်သည်။ ဆိုနီယာမှ ရှုံးကြောင်းဝန်ခံရန် စောင့်ဆိုင်းနေပုံရသည်။ "ဆက်ကစားချင်လား
မစ်ရိစ်ဒ်။" နူးညံ့သိမ်မွေ့သော်လည်း ငြိမ်းအေးသောလေသံဖြင့် သူမမေးလိုက်သည်။

"ဒါပေါ့။" ဆိုနီယာသည် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ဖဲချပ်များကို ထပ်မံကုလားဖန်ထိုးလိုက်သည်။ "ငါတို့ ငါးချီကစားမယ်လို့ ပြောခဲ့တယ်လေ။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now