Unicode
အပိုင်း ၄၆။ ငါကသာ တကယ့်အရူးပင်
ကြောက်ရွံ့တုန်လှုပ်နေချိန်တွင် တိုင်လာ သည် ဖုန်းကိုအမြန်ချလိုက်ပြီး တံခါးဆီသို့ အပြေးအလွှားမသွားမီ သူ့အိတ်ကို ပခုံးပေါ်တင်လိုက်သည်။ ဆိုနီယာအတွက် တောင်းဆိုမှုကို သူ မစောင့်ခဲ့ပါ။
သို့သော် မထွက်ခွာမီတွင် သူက လှည့်၍ သတိပေးခဲ့သည်၊ "ခင်ဗျား ကျနော့်လက်ဆောင်တွေ ယူပြီးပြီ၊ ဆိုလိုတာက ဒီစနေနေ့ ကျောင်းကိုလာပြီး ကျနော့်ကို ကူညီရမယ်၊ ဒီအကြောင်းကို တိုဘီကို ပြောပြရဲရင် ခင်ဗျားက ကွာရှင်းပြီးတာနဲ့ကို တခြားယောက်ျားနဲ့ အိပ်နေပြီလို့ ပြောပစ်မယ်!"
သူပြောတာကို နားထောင်ပြီး ဆိုနီယာက ပြောစရာစကားမဲ့သွားသည်။ တိုင်လာသည် တတ်နိုင်သမျှအမြန်ဆုံး နှစ်မိနစ်အတွင်း တောင်ဘက်ဂိတ်ဆီသို့
အမြန်ပြေးခဲ့သည်။ သူလမ်းဘေးသို့ရောက်သည်နှင့် တိုဘီသည် သူ၏ လက်ချောင်းတစ်ဝိုက်တွင် စီးကရက်မီးခိုးငွေ့များဝေ့ဝဲကာဖြင့် သူ၏ပြိုင်ကားမောင်းခုံတွင် ပေါ့ပေါ့ပါးပါးထိုင်နေသည်ကို သူမြင်နေရသည်။
တိုင်လာသည် ထိုင်ခုံခါးပတ်ကို မဆွဲမီ ဟောဟဲလိုက်ရင်း ခရီးသည်ထိုင်ခုံပေါ်တွင် ချက်ချင်းထိုင်လိုက်သည်။ သို့သော်လည်း တိုဘီ၏အေးစက်သော အကြည့်နှင့် မှုန်မှိုင်းသော အရှိန်အဝါကြောင့် တိုင်လာသည် ခေါင်းငုံ့ထားစဉ် စကားတစ်ခွန်းမှ မပြောဝံ့ခဲ့ပေ။ ကားကလမ်းမပေါ်တက်ဖို့ စောင့်နေတုန်း နောက်ဆုံးတော့ တိုဘီက သူ့ပါးစပ်ကို ဖွင့်လိုက်၏။ "သူမကိုမရှာဖို့ ငါပြောခဲ့တယ်မဟုတ်ဘူးလား။ ငါ့စကားတွေက မင်းအတွက် ဟာသဖြစ်နေတာလား။"
" ကျနော့်ဆီမှာ ပိုက်ဆံမရှိတော့ဘူး..."
"ဖူလာအုပ်စုအောက်မှာ ဟိုတယ်အများကြီး ရှိပါတယ်။ မင်းက ဖူလာမိသားစုရဲ့ သခင်ငယ်လေးဆိုတာကို ဘယ်သူမှ မသိဘူးလို့ တကယ်ထင်နေတာလား။" ဟု သူကထေ့ငေါ့လိုက်၏။
"ကျနော့်ဗိုက်က ခုနောက်ပိုင်း ပုံမှန်မဟုတ်နေဘူး၊ ဒါကြောင့် ကျနော်က သူမ ဆီလာပြီး အကူအညီတောင်းတာပါ။ အစ်ကို့မိန်းမရဲ့ဟင်းချက်လက်ရာ ဘယ်လောက်ကောင်းလဲဆိုတာကို အစ်ကို မသိဘူးလား။" တိုဘီ၏မေးခွန်းများကို တိုင်လာက ငြင်းဆိုခဲ့သည်။ သို့သော်လည်း တိုင်လာ၏နှုတ်မှ ထွက်လာသည့်အခိုက်တွင် သူသည် တစ်ခုခုမှားနေပြီဟု သဘောပေါက်သွားပြီး သူ့စကားသူ အမြန်ပြင်လိုက်သည်။ "ကျ..ကျနော်ပြောတာက အစ်ကို့ရဲ့ဇနီးဟောင်းလို့။ တိုဘီ၊ အစ်ကိုတို့နှစ်ယောက် ကွာရှင်းပြီးပြီဆိုတာ ကျနော်သိပါတယ်၊ ဒါပေမယ့် ထမင်းတစ်နပ်စားဖို့ကို သူမဆီ သွားလို့မရဘူးလား။ ဒါ့အပြင် သူမက ကျနော့်ကိုထမင်းစားဖို့ဖိတ်တဲ့သူပါ။ ကျနော်က အတင်းလုပ်ခိုင်းတဲ့သူ မဟုတ်ဘူးလေ။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
