အပိုင်း ၁၂

97 9 0
                                    

အပိုင်း (၁၂) လူတိုင်းမှာ လျို့ဝှက်ချက်ရှိတယ်

နောက်တစ်နေ့တွင် တိုဘီသည် အနီရောင်ကွာရှင်းလက်မှတ်တင်ထားဆဲဖြစ်သော စားပွဲဘေးတွင် ထိုင်နေသည်။ ထိုလက်မှတ် ခဏလောက်ကြည့်ပြီးနောက် သူက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်၏။ ထိုအချိန်တွင် တွမ်သည် ရှေ့သို့လှမ်းလာပြီး "ဆရာ၊ ထရိုင်ဖိုဒ့်လုပ်ငန်းရဲ့ ဥက္ကဌဂရေးက ဖုန်းခေါ်နေပါတယ်။ " ဟု လေးလေးစားစား ပြောလိုက်သည်။

တီနာ့အဖေ?

တိုဘီသည် ချက်ခြင်းပင် သူ့ခံစားချက်များကိုရှင်းထုတ်ပြီး ဖုန်းကိုင်လိုက်သည်။ "ဦးလေးဂရေး"

အက်ကွဲသောအသံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက စကားပြောသည်။
"တိုဘီ၊ ဒီရက်ပိုင်း မင်းအိမ်မှာ တီနာနေကောင်းနေလား? ခုတလောက သူမကိုတွေ့ဖို့ အချိန်မရှိနေဘူး။ ဒီရက်တွေမှာ စိတ်အခြေ အနေမကောင်းဖြစ်နေတဲ့ ငါ့ဇနီးကို စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အဖော်လုပ်ပေးနေခဲ့ရတယ်လေ။ သူမစောဒကတက်မှာကို ငါကြောက်နေတုန်းပဲ။"

တိုဘီ၏အသံသည် တည်ငြိမ်သွားသည်။ "ဦးလေး စိတ်ချပါ။ တီနာက ဒီရက်ပိုင်း နေကောင်းလာပါပြီ၊ အမေလည်း မကြာခဏ သူမကို အဖော်လုပ်ပေးနေပါတယ်။ "

"အိုး ဒါဆို အရမ်းကောင်းတာပဲ။ " ထိုက်ဒပ်က မစပ်စုဘဲ မနေနိုင်ပေ။ "လွန်ခဲ့တဲ့ခြောက် နှစ်လောက်က တီနာရဲ့ကားမတော်တဆမှုဟာ မင်းရဲ့ဇနီးဟောင်းနဲ့ ဆက်စပ်နေတယ်လို့ သတင်းတချို့ကြားခဲ့ရတယ်။ မနေ့က တီနာရဲ့အမေက တီနာ ဆီသွားပြီး ဒီအကြောင်းကို နည်းနည်းမေးပေမယ့် တီနာ ကတော့ ဒီအကြောင်းအရာကို ရှောင်နေခဲ့တယ်။ တိုဘီ၊ ဘာဖြစ်ခဲ့တာလဲဆိုတာ မင်း သိလား?"

ထိုသည်ကိုကြားတော့ တိုဘီ အံ့အားသင့်သွားကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ချက်ချင်း စကားမပြောဖြစ်ပေ။

"တိုဘီ၊ မင်းနားထောင်နေရဲ့လား။ "

ခဏအကြာတွင် တိုဘီ မျက်မှောင်ကြုတ်သွားသည်။  "အဲ့ဒီကားမတော်တဆမှု... ဆိုနီယာရိဒ်နဲ့ တစ်ခုခုတော့ ပတ်သက်ခဲ့တယ်။"

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now