အပိုင်း ၁၉

1.1K 51 2
                                        

Unicode
အပိုင်း (၁၉) သမုဒ္ဒရာနှလုံးသားကို ကျွန်မလိုချင်တယ်။

ချားလ်က စကားပြောပြီးတာနဲ့ စူးရှတဲ့ အသက်ရှုသံကို ဧည့်သည်တွေက ကြား လိုက်ရသည်။ တီနာထံ အကြည့်ကျရောက်လာကြပြီးနောက် ဆိုနီယာကိုလှည့်ကြည့်ရင်း လူတိုင်း ထိတ်လန့်သွားကြသည်။ ပညာရှင်က ဒီဗီဒီယိုဟာအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုထားတာကြောင့် ချားလ်ကသာ အမှန်အတိုင်းပြောတာဆိုရင်...

တိုဘီလည်း အံ့အားသင့်သွားသည် ။ သူ့ရှေ့မှာရပ်နေတဲ့ အမျိုးသမီးကိုကြည့်လိုက်ပြီး သူ့အကြည့်များက နက်မှောင်သွားကာ "ဆိုနီယာ၊ မင်း ဘာလို့ ငါ့ကို မပြောခဲ့တာလဲ။ " ဟု မေးသည်။

"ကျွန်မပြောရင်ကော ရှင်ယုံမှာမို့လို့လား။" ဆိုနီယာက အနည်းငယ် ရွဲ့စောင်းသော လေသံဖြင့်ပြန်ပြောသည်။ "ဥက္ကဋ္ဌဖူလာ၊ ကျွန်မတို့လက်ထပ်ခဲ့တာ ခြောက်နှစ်ရှိပြီ၊
ဒါပေမယ့် နေ့တိုင်းနေ့တိုင်း ကျွန်မတို့စကားပြောတဲ့ အကြိမ်အရေအတွက်ကို လက်တစ်ဖက်နဲ့တောင် ရေတွက်လို့ရတယ်။ ရှင်မြင်ခဲ့သမျှက မစ်ဂရေးကိုပဲ၊ တခြားဘယ်သူ့ကိုမှ ရှင်မမြင်ခဲ့ဘူးလေ။"

သူမသည် တီနာ ကိုဂရုစိုက်ပေးရန်နေ့စဉ်ဆေးရုံသွားခဲ့သည်။ တိုဘီနှင့်သူမ၏အိမ် ထောင်ရေးသည် မည်ကဲ့သို့ ဖြစ်လာသည်ကိုသူမသိသလို၊ တိုဘီသည် မည်သူ့ကိုအမှန်တကယ်လိုချင်သည်ကို သူမသိသော ကြောင့်  တီနာကိုစောင့်ရှောက်ရသည့် အကြောင်းပြချက်သည် သူက သူမကိုပိုမိုမြင်လာစေရန်အသုံးပြုလိုခဲ့သောကြောင့်ဖြစ်သည်။ မည် သို့ပင်ဆိုစေကာမူ လွန်ခဲ့သည့်ခြောက်နှစ်တာလုံး တိုဘီထံမှ လျစ်လျူရှုခြင်းသာ သူမရရှိခဲ့သည်။

ထိုသည်ကိုကြားတော့ တိုဘီက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အနည်းငယ်အေးစက်နေတဲ့အမူအရာနှင့် အနီရောင်နှုတ်ခမ်းနီ ဖြင့် ဆိုနီယာကိုပြန်စစ်ဆေးကြည့်နေခဲ့မိ သည်။  ယခုလို အမျိုးသမီး၏ဤပုံစံနှင့် သူအိမ်ပြန်လာရန် စောင့်ဆိုင်းနေခဲ့သော ဖြူစင်သည့်အမျိုးသမီးက မတူညီသော လူနှစ်ယောက်နှင့်တူကြောင်း သူတွေ့ရှိခဲ့သည်။

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now