အပိုင်း (၁၃) ဒူးထောက်ပြီး တောင်းပန်
ဆိုနီယာ အံ့သြသွားသည်။ တိုဘီသည် အရည်အချင်းရှိသူဖြစ်ပြီး ဖူလာမိသားစုသည် ချမ်းသာသောမိသားစုဖြစ်သည်။ ဒါဆို ဂျင်းကျတော့ ဘာလို့ ကျေးလက်ဒေသက အမြင်ကျဥ်းတဲ့ငတုံးလို ပြူမူနေတာလဲ။
သူမ နှုတ်ခမ်းထောင့်တွေကို မဲ့ရွဲ့ကာ "ဒီမှာ ရှင်နားလည်ထားရမှာက ရှင့်ရဲ့သားနဲ့ ကျွန်မက ကွာရှင်းပြတ်စဲပြီးသွားပြီ၊ ရှင့်မိသားစုဆီကနေ တစ်ပြားတစ်ချပ်မှ ကျွန်မ မယူခဲ့ဘူး"
"အဓိပ္ပါယ်မရှိတာ!" ဂျင်းသည် သူမ၏ အဓိပ္ပါယ်မရှိသော စကားကိုမယုံဘဲ၊ သူမသည် ကိစ္စများကို အလွှတ်ပေးရန် ငြင်းဆန်နေသည်မှာ ထင်ရှားသည်။ "ငါ့သားဆီက မယူရင် ဒီလိုအဆင့်မြင့်နေရာကိုလာဖို့ကို ပိုက်ဆံ ဘယ်ကရတာလဲ။ နင့်ကို ငါပြောလိုက်မယ် ဆိုနီယာရိဒ်။ နင် အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်ရင်တောင် ငါ နင့်ကို ခွင့်မလွှတ်ဘူး!"
ဒူးထောက်ပြီး တောင်းပန်တယ်?
ဆိုနီယာ ဒေါသကြောင့် ရယ်လုမတတ်ဖြစ်သွားခဲ့သည်။ သူမက ဘယ်လောက်တောင် ချဲ့ကားတတ်လိုက်တဲ့ မိန်းမလဲ။ သူမက ဘယ်တော့မှ ပုံမှန်ဟုတ်မနေတဲ့လူပဲ ဟာ့၊
ဆိုနီယာသည် ဂျင်းက သူမ၏အချိန်ပေးမှု
နှင့် မထိုက်တန်ကြောင်း သေချာပေါက် ခံစားမိသောကြောင့် လှည့်ထွက်သွားချင်ခဲ့သည်။ဒါပေမယ့် ပြဿနာရှာနေတဲ့ ဂျင်းက သူမကို ဘယ်လိုလွယ်လွယ်နဲ့ လွှတ်ပေးနိုင်မှာလဲ။ "ကြည့်ပါအုံး၊ နင် ထွက်ပြေးဖို့ကြိုးစားနေပြီပေါ့!" ဂျင်းကလက်ဆန့်ပြီး ဆိုနီယာ၏ ခေါင်းနောက်ဘက်ရှိ ဆံပင်များကို ဆုပ်ကိုင်လိုက်သည်။
အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သော ချားလ်စ်သည် ဂျင်းကို တွန်းထုတ်ကာ
ဆိုနီယာအား သူ့နောက်ပို့ကာ အကာအကွယ်ပေးခဲ့သည်။ ထိုသို့လုပ်နေချိန်တွင် ချားလ်စ် သည် အင်အားအနည်းငယ်သုံးထား၍ ဂျင်း သည် ဟန်ချက်ပျက်သွားကာ ကြမ်းပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် နောက်ပြန်လဲကျသွားခဲ့သည်။ "အွတ်"သူမ ခေါင်းကိုမော့လိုက်သည့်အခါ ချားလ်စ်၏ရွံရှာနေသောအကြည့်နှင့် ဆုံသွားသည်။ ချက်ခြင်းပင် သူမက ကြမ်းပြင်ပေါ်ထထိုင်ကာ အော်ငိုတော့သည် ။ "တရားမျှတမှုက ဘယ်မှာလဲ၊ ငါက နံစော်တဲ့ကြွက်တစ်ကောင်ရဲ့ ရိုက်နှက်ခြင်းကို ခံနေရတဲ့ အဘွားကြီးပါ။ ငါ အခု အသက်မရှင်ချင်တော့ဘူး!"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Lãng mạnဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........