အပိုင်း ၄၁

860 40 6
                                        

Unicode
အခန်း ၄၁။ လုပ်နိုင်တဲ့ယောကျာ်းတစ်ယောက်ကို ရှာချင်တယ်

"ဘယ်သူကသိမှာလဲ" ဆိုနီယာက ရှုပ်ထွေးသောလေသံဖြင့် တိုးတိုးလေးပြောသည်။ တိုဘီသည် သူမထံမှ ဤစကားခြောက်ခွန်းကို ကြားရမည်ဟု မမျှော်လင့်ထားသောကြောင့် အံ့အားသင့်နေသည့် အကြည့်များက သူ့မျက်လုံးထဲ ဖြတ်ပေးလာသည်။

သို့သော်လည်း နီရဲနေသော သူမ၏ပါးပြင်များနှင့် အာရုံမစိုက်နေသော အကြည့်များကို သူမြင်လိုက်ရသော အခါတွင်တော့ သူက မျက်မှောင်ကြုတ်ပြီး သူမလက်မှ သူ၏နက်တိုင်ကို အမြန်ဖယ်လိုက်သည်။ "မင်းမူးနေပြီ ဆိုနီယာ"

"မမူးဘူး ကျွန်မ အရမ်းနိုးကြားနေတာပါ!" သူမ တီးတိုးရွတ်ကာ သူ့နက်တိုင်ကို ထပ်ဆွဲသည်။ "ရှင်က ကျွန်မရဲ့ခင်ပွန်းဟောင်းနဲ့တူလိုက်တာ။ ရှင့်ကြည့်ရတာလည်း အဆင်မပြေနေဘူးထင်တယ်!"

ထိုစကားကြားတော့ သူပြောစရာစကားမဲ့သွားသည်။

"အဲဒါကလေ ငါ့ခင်ပွန်းဟောင်းက...." သူမက ခေတ္တရပ်လိုက်ပြီး လက်ချောင်းကို ယမ်းလိုက်သည်။ "သူ အဲဒါကို မလုပ်နိုင်ဘူး။"

သူ့အသံက ပိုအေးစက်လာသည်နှင့်အမျှ တိုဘီ၏မျက်နှာသည် ချက်ချင်း မည်းမှောင်သွားသည်။ "ဘာမလုပ်နိုင်ဘူးလဲ?"

"အဲဒီနေရာက.." ဆိုနီယာက သူ့ဘောင်းဘီခွကြားကို ညွှန်ပြရင်း တီးတိုးလေးပြောလိုက်သည်။ "ကျွန်မတို့အိမ်ထောင်ကျတာ ခြောက်နှစ်လောက်ရှိပြီ ဒါတောင် သူက ကျွန်မကို တစ်ခါမှမနမ်းဖူးဘူး။ သူက ကျွန်မလို ချောမောလှပတဲ့ မိန်းကလေးကိုတောင် တခါမှ
မထိဖူးဘူး။ အဲဒါက သက်သေပြနေတာပဲ မဟုတ်ဘူးလား။"

တိုဘီသည် ဒေါသအရမ်းထွက်ကာ ရယ်မောလိုက်သည်။ လက်ထပ်ရန် နှင့် ကွာရှင်းရန်မှာ သူမ၏အကြံပြုချက်သာဖြစ်သည်။ သူ့ကို မသိဘဲနှင့်၊ သူမသည် သူ့ကို ဤနည်းဖြင့် သူမအတွေးထဲတွင်တံဆိပ်ကပ်ထားတော့သည်။

"ဒါက အဓိပ္ပါယ်မရှိဘူး" ဆိုနီယာ ရုတ်တရက် ညည်းညူလိုက်သည်။ "အဓိပ္ပါယ်မရှိဘူး။" သူမ လှည့်လိုက်ရင်း ယိမ်းနွဲ့ကာ ထွက်သွားသည်။ "အနာဂတ်မှာ ငါလုပ်နိုင်တဲ့ယောကျာ်းတစ်ယောက်ကိုပဲ ရှာချင်တယ်..."

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now