အပိုင်း (၈) သူမနဲ့ကွာရှင်းတာကို နောင်တရလား
ထိုအချိန် ဖူလာအိမ်တော်တွင် ဂျင်းက ဆိုနီရာရဲ့ခြေရာလက်ရာတွေအားလုံးကို ရှင်းထုတ်ဖို့ အစေခံကိုညွှန်ကြားနေသည်။ သူမအိပ်နေခဲ့သည့်အိပ်ရာ၊ စီးခဲ့သည့် ဖိနပ်များ၊ သူမဝတ်ခဲ့သည့် အေပရွန်၊ သူမသုံးသည့် ပန်းကန်နဲ့ တူတွေတောင် ဖယ်ရှားခိုင်းသည်။
"အမေ ဘာလုပ်နေတာလဲ?" တိုဘီ ပြန်ရောက်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ဂျင်းက တိုးတိုးလေး နှာရှုံ့လိုက်သည်။ "ဒီမိန်းမရဲ့ပစ္စည်းတွေတောင် ငါတို့ ဘာလို့သိမ်းထားရမှာလဲ။ တီနာကသာ နောင်ကျရင် သားလက်ထပ်မယ့်သူပဲ။ " သူမပြောနေရင်း မျက်လုံးလှိမ့်ပြီး အမြန်ရောက်လာသည်။ "တိုဘီ၊ သား သူမကို ကွာရှင်းပြီးပြီ မဟုတ်ဘူးလား။ မှတ်ထားနော်၊ သား ပိုက်ဆံတွေအကုန်လုံးက သားခက်ခက်ခဲခဲ ရှာထားရတဲ့ပိုက်ဆံတွေပဲ၊ သား သူမကိုတစ်ပြားတစ်ချပ်မှ ပေးဖို့တောင် မစဉ်းစားနဲ့!"
သူက ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေ၏။ "သူမက ဘာမှမလိုချင်ခဲ့ဘူး။"
ဂျင်းက မယုံဘူးဆိုတာ သိသာသည်။ “မဖြစ်နိုင်ဘူး၊ သူမက ဘယ်လိုလုပ် မလိုချင်တာဖြစ်နိုင်မှာလဲ၊ သူမမှာ ပိုက်ဆံမရှိဘူး၊ ဒါကြောင့် သားဆီက ချမ်းသာကြွယ်ဝမှုကိုရဖို့ ဘာလို့ မကြိုးစားရမှာလဲ၊ မဟုတ်ရင် သူမအမြောင်ယောက်ျားကိုထောက်ပံ့ဖို့ ပိုက်ဆံ ဘယ်မှာရမှာမို့လဲ”
အမျိုးသားမော်ဒယ်နှင့် ဆိုနီယာ၏ဆက်ဆံရေးကို တွေးတောရင်း တိုဘီခေါင်းကိုက်သွားသည်။ ဂျင်းနဲ့ ဆက်ပြီး စကားမပြောချင်တော့ဘဲ ကွာရှင်းစာချုပ်ကိုပြဖို့သာ တွမ်ကို ညွှန်ကြားလိုက်သည်။ အပေါ်ထပ်ကိုရောက်တော့ တီနာက စာအုပ်ဖတ်နေရင်း ပြတင်းပေါက်ရှေ့မှာ ထိုင်နေတာကို သူသတိထားမိလိုက်၏။ သူမက ခေါင်းကိုမော့ပြီး သူ့အား နူးညံ့စွာပြုံးပြပြီး "ရှင် ပြန်လာပြီလား။ "
သူမ၏အေးချမ်းသောအပြုံးကို ကြည့်လိုက်ရာ သူ့စိတ်ထဲမှဒေါသစိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ "မင်း နေကောင်းရဲ့လား?"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........