အပိုင်း ၃၆။ နင်ရှုံးရင် တက်တူးဖျက်ပစ်ရမယ်
"သူမက မယ်လိုဒီစထရီဒါနဲ့ ရင်းနှီးနိုင်ရလောက်အောင် သူမက သေချာပေါက်တစ်ခုခုပဲ။" ရေဗက္ကာက တိတ်တဆိတ်ရှင်းပြရင်း တီနာဘေးက အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ “မယ်လိုဒီက Norfolk က အငြိမ်းစားယူထားတဲ့ ဝန်ကြီးတစ်ဦးဖြစ်တဲ့ မစ္စတာစထရီဒါရဲ့မြေးဖြစ်တယ်။ ရှင်သာ သူမနဲ့လက်တွဲလိုက်ရရင် ရှင့်ရဲ့အဆက်အသွယ်တွေအတွက် စိတ်ပူနေစရာ မလိုတော့ဘူး။"
ဆိုနီယာသည် ယခင်က လူ့အဖွဲ့အစည်းတွင် ရောနှောနေခြင်း မရှိခဲ့သောကြောင့် အခြားမြို့မှလူများ မဆိုထားနှင့် စီးပွားရေး အသိုင်းအဝိုင်းမှလူများစွာကိုပင် သူမ မသိခဲ့ပေ။ တီနာက သူမရဲ့ဖြစ်တည်ချက်ကို သိသိသာသာ လျှော့ချလိုက်တာ အံ့သြစရာမဟုတ်တော့ဘူးပဲ။ တီနာ၏နောက်ခံဟာ မယ်လိုဒီကဲ့သို့ လူများအတွက် ဘာမှမဟုတ်ပေ။
"အိုး ဒါဆို နင်က ဥက္ကဋ္ဌဖူလာရဲ့ဇနီးဟောင်းပေါ့။" မယ်လိုဒီသည် ဆိုနီယာကို လေးစားသည့် အရိပ်အယောင်အနည်းငယ်မျှပင် မပြဘဲ မထီမဲ့မြင်သော အကြည့်တစ်ချက်ကို ပေးလိုက်သည်။ "ငါတို့အားလုံး တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ပြီဆိုမှတော့အတူတူ ဂိမ်းလေးတွေကစားကြတာပေါ့။ နင် ငါတို့နဲ့ ပူးပေါင်းချင်လား။"
ဖဲဆော့တာမပြောနဲ့ ဆိုနီယာက တီနာနဲ့စကားတောင် မပြောချင်တော့ဘူး။ သို့သော် ဆိုနီယာသည် ဂျင်းန် လက်ထဲတွင် နှစ်များစွာကြာအောင် ခံစားခဲ့ရပြီးနောက် လူများ၏ မျက်နှာအမူအရာ သရုပ်ခွဲနည်းကို သင်ယူခဲ့သည်။ မယ်လိုဒီက စကားစပြောပြီးတာနဲ့
ဒီလူဟာ သူမ ဖြတ်ကျော်နိုင်တဲ့လူမဟုတ်ဘူးဆိုတာ သူမသိပါသည်။"ဒါပေါ့။ ကျွန်မတို့စောင့်နေတဲ့လူက ည 10:00 မှရောက်လာမှာ။ " ဆိုနီယာသည်
ဒီအချိန်မှာ သူမက ဘာမှမဟုတ်ဘူးဆိုတာ ကောင်းကောင်းသိ၏။ ထို့ကြောင့် သူမသည် မယ်လိုဒီအား စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့်နှင့်ပင် မယ်လိုဒီ၏ အနိုင်ကျင့်ခံရသည့် အခြေအနေမျိုးတွင်
မနေချင်ပေ။ "ကျွန်မက ဖဲကောင်းကောင်းမကစားတတ်တာကိုတော့ ရှင် စိတ်မရှိဖို့ မျှော်လင့်ပါတယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........