အပိုင်း ၇

150 8 0
                                    

unicode
အပိုင်း (၇) သူမက အရင်သစ္စာဖောက်ခြင်း

ကားလ်၏လျှို့ဝှက်ဆန်းကြယ်နေမှုကိုကြည့်ရင်း ဆိုနီယာ၏စူးစမ်းလိုစိတ်က နှိုးထလာသည်။ "ငါတို့ဘယ်ကို သွားမယ်ဆိုတာ ငါ့ကိုအရင်ပြောအုံး၊ အဲဒါမှ သွားမလား မသွားဘူးလားကို ငါဆုံးဖြတ်မယ်။"

ကားလ်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ "ဆိုနီယာ၊ ငါမင်းကိုပြောပြရင် မင်းဘယ်အံ့သြတော့မှာလဲ။"

သူ၏ခါးသီးသောအမူအရာကိုမြင်ပြီးနောက် ဆိုနီယာသည် အကျယ်ကြီးမရယ်ပဲ မနေနိုင်ပေ။ တိုဘီ တံခါးကနေထွက်လာတဲ့ ဒီအချိန်မှာပဲ အမျိုးသားတစ်ယောက်ကခေါင်းငုံ့ပြီး ဆိုနီယာရဲ့နားထဲကို ကပ်တိုးလေးစကား ပြောနေသည်ကို သူတွေ့လိုက်သည်။ သူတို့ဘာတွေပြောနေမှန်းကိုတော့ သူမသိပေ။

ဆိုနီယာသည် ရွှင်မြူးစွာပြုံးနေကာ သူမ၏ မျက်လုံးများက တောက်ပနေသည်။ သူကားပေါ်တက်ခါနီးတွင်ရပ်ပြီး လှည့်ကြည့်ကာ ထိုယောက်ျားနှင့်မိန်းမကို အေးတိအေးစက် စိုက်ကြည့်ရင်း သူ၏အကြည့်က ရေခဲကဲ့သို့ အေးစက်နေ၏။ သူတို့နှစ်ယောက် လက် ထပ်ပြီးတဲ့နောက်ပိုင်းမှာ သူမယခုလိုမျိုး တစ်ခါမှ မရယ်ခဲ့ဖူးပါ။

သူ့နားထဲတွင် သူမ၏အသေးအဖွဲကိစ္စများအကြောင်း အဆုံးမရှိငြီးတွားနေကာ သူ့ကိုကြည့်တိုင်း သတိထားနေသော သူမမျက် လုံးများကိုသာတွေ့ရသည်။ သူမကို ဒီလိုပျော်နေတာတွေ့ရတာ သူတကယ်မကြိုက်ဘဲ စိတ်တိုလာသည်ဟု ခံစားရသည်။

ကွာရှင်းပြတ်စဲပြီးနောက် သူမသည်လုံးဝပြောင်းလဲသွားပုံရပြီး အတွင်းရောအပြင်ပါ စူးရှသောအလင်းတန်းတစ်ခုလို ခံစားချက်မျိုးထုတ်လွှတ်နေသည်။ အဲတာတွေအကုန် လုံးက အဲဒီလူကြောင့်ပဲလား။ တိုဘီက သူ့နှုတ်ခမ်းထောင့်ကနေမှ လှောင်ရယ်လိုက် ၏။ မိမိကိုယ်ကို တန်းဖိုးထားမြတ်နိုးခြင်းမရှိသော သစ္စာမဲ့အမျိုးသမီးသည် သူ၏ အချိန်ပေးမှုနှင့် လုံးဝ မထိုက်တန်ပါ။

"ဆရာ?" သူ၏သူဌေးက ကားထဲမဝင်ဖြစ်တာကိုမြင်သောကြောင့် တွမ်ဘရောင်းက တိုဘီကို ဂရုတစိုက်နဲ့ခေါ်လိုက်သည်။ ထိုသည်ကိုကြားတော့ တိုဘီက သူ့အကြည့်တွေကိုပြန်ရုတ်လိုက်ပြီး ကားထဲကိုဝင်သွား ၏။ "ရုံးကိုပြန်​သွား။ "

၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီWhere stories live. Discover now