Unicode
အပိုင်း ၄၄။ ဒုက္ခရောက်နေသော မိန်းမလှကို ကယ်တင်ဖို့ ဒီကိစ္စကို ညွှန်ကြားခဲ့တာလား။
တိုဘီသည် ပင်ကိုယ်စရိုက်ကြောင့် ဘေးသို့ အနည်းငယ် ရှောင်လိုက်သည်။ ထိုအခိုက်တွင်၊ ဆေးရုံအခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်ရာ ဂျင်းန် က သူမလက်ထဲတွင် ဓါတ်ဘူးဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။ သူမရှေ့က မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ပြီး မကြာခင်မှာပင် အချစ်ငှက်ကလေးများကို ဝမ်းမြောက်စွာ ပြုံးပြခဲ့သည်။ "အိုး.. အမေ အချိန်မှားပြီး ဝင်လာပုံရတယ်။ စိတ်အနှောင့်အယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်။ အပြင်မှာ ခဏလောက်စောင့်ပေးရမလား" သူမသည် ထွက်သွားရန် လက်ဟန်ပြပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။
ထိုအချိန်တွင် ဂျင်းန်၏စကားကြောင့် တီနာ၏မျက်နှာသည် နီမြန်းလာပြီး သူမ၏ပွေ့ဖက်မှုကို အမြန်လွတ်ပေး လိုက်သည်။ "အန်တီ ဘာမှမနှောက်ယှက်ပါဘူး မဒမ်ဝှိုက်၊ ဝင်လာခဲ့ပါ!"
"ဒါဆို ကောင်းပြီ၊ အန်တီ မနှောင့်ယှက်ချင်ပါဘူး။" ဂျင်းန်က ဓါတ်ဗူးကို အခန်းထဲသို့ ယူသွားလိုက်သည်။
"ဒီမနက် သမီးအမေနဲ့ဖုန်းပြောဖြစ်ပြီး မနေ့ညက သမီးပြုတ်ကျသွားတာပဲ သိလိုက်ရတယ်။ ဒါနဲ့ လာလည်ဖို့မလာခင် သမီးအတွက် ချက်ချင်းစွပ်ပြုတ်ဟင်းချက်ပေးလိုက်တယ်။"
ထို့နောက် သူမသည် တိုဘီကို တမင်စိုက်ကြည့်တော့သည်။ "မနေ့ညက
တိုဘီ တစ်ညလုံး အပြင်ထွက်နေပေမဲ့ သတင်းမကြားတာ အံ့သြစရာမရှိတော့ပါဘူး။ သူက ဒီကိုလာပြီး သမီးကို ဂရုစိုက်နေတာကြောင့်ကိုး။"
တီနာသည် မနေ့ညက စင်သီယာ ပေးပို့သော စာသားမက်ဆေ့ခ်ျကို ရုတ်တရက် ပြန်သတိရပြီး ပေါက်ကွဲထွက်မတတ် ဒေါသထွက်လာသလို ခံစားလိုက်ရသည်။ သို့သော်လည်း
တီနာသည် သူမ၏ခံစားချက်များကို ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့ပြီး နူးညံ့စွာ ပြန်ဖြေသည်။ "မဒမ်ဝှိုက်၊ တိုဘီကို အပြစ်မတင်ပါနဲ့။ ကျွန်မ အရမ်းကြောက်နေတာကြောင့် သူ့ကို ဒီမှာနေပေးပြီး ကျွန်မကိုဂရုစိုက်ပေးဖို့ ပြောထားလို့ပါ။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........
