အပိုင်း (၂၂) မင်းက ငါ့ကို မင်းအတွက် လက်စွပ်ကိုကိုင်တွယ်စေချင်တာလား။
"သရက်သီးဖျော်ရည်က အရမ်းချိုတာပဲ။" တီနာက တိုဘီကို ချိုချိုသာသာပြုံးပြပြီး ခွက်ကိုစားပွဲပေါ် တင်လိုက်သည်။ "ကျွန်မအကြိုက်ကို သတိရပေးလို့ ကျေးဇူးတင်ပါတယ်။ "
တိုဘီ၏ပါးလွှာသောနှုတ်ခမ်းများ အနည်း ငယ် လှုပ်ယမ်းသွားသည်။ "မင်းကြိုက်တဲ့အရာအားလုံးကို ငါမှတ်မိတယ်။ သင့်တော်တဲ့အသီးအနှံတွေပါတဲ့ သစ်သီးခြံတစ်ခြံရှိတယ်။ မနက်ဖြန်ကျရင် ဂရေးစံအိမ်ကို သရက်သီးနှစ်သေတ္တာပို့ပေးဖို့ သူဌေးကို ပြောလိုက်မယ်။ တခြား အသီးအနှံတွေ စားချင်တာရှိရင် ပြောပြထားပါ။"
"ကောင်းပြီ" တီနာ အားတင်းကာတုံ့ပြန် သည်။ သူမ စိတ်မသက်မသာဖြစ်စပြုလာသည့်အတွက် ကုလားထိုင်ကိုတွန်းဖယ်လိုက်ပြီး မျက်နှာဖြူဖျော့စွာဖြင့် မတ်တပ်ထရပ်လိုက်၏။ "ကျွန်မ နားနေခန်းသွားတော့မယ်။ တိုဘီ၊ အဖေနဲ့ စကားဆက်ပြောလို့ရတယ်နော်။"
သူမ၏ပွဲဝတ်စုံအနားကိုမကာ သူမ လှည့်ထွက်သွားသည်။ တီနာသည် ငယ်စဉ်ကတည်းက သရက်သီးနှင့်ဓါတ်မတည့်ခြင်းဖြစ်ပြီး အနည်းငယ်လောက်သာ စားသုံးမိပါက အသက်အန္တရာယ်ရှိလိမ့်မည်ဖြစ်သည်။ နားနေခန်းသို့ မရောက်မီတွင် အသက်ရှုမဝသလို ခံစားလာရပြီး သူမခြေထောက်က ယိုင်ခွေကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
"တီနာ! တီနာ!" ဂျူလီယာသည် အပြေး အလွှားသွားကာ သမီးဖြစ်သူကို ကမန်းက တန်း ဆုပ်ကိုင်လိုက်သည်။ တီနာရဲ့မျက်နှာမှ မသက်မသာဖြစ်မှုကို ဂျူလီယာကမြင်တော့ စိတ်ပူသွား၏။ "သမီး ရူးနေတာလား။ သမီးက သရက်သီးနဲ့မတည့်ဘူးလေ! တိုဘီ ပေးခဲ့တဲ့ သရက်သီးဖျော်ရည်ကို ဘာလို့သောက်တာလဲ။ သေချင်နေလို့လား။"
"အမေ၊ သမီး နေလို့မကောင်းဘူး.." တီနာက ဂျူလီယာရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ရင်း အသက်ရှုကြပ်ပြီး မောဟိုက်နေသည်။ "ဆရာဝန်ခေါ်ပေးပါ။ တိုဘီကိုတော့ လုံးဝအသိမပေးရဘူး။ သူမေးရင် သမီးက သရက်သီးကြိုက်တယ်လို့ ပဲ ပြောရမယ်။"
YOU ARE READING
၁။ ဘော့စ်ရဲ့ဇနီးက ကွာရှင်းခွင့်ထပ်တောင်းပြန်ပြီ
Romanceဆိုနီယာသည် အထက်တန်းကတည်းက တိုဘီကို ချစ်မိခဲ့ပြီး အကြောင်းရင်းတစ်ခုကြောင့် တိုဘီနှင့်လက်ထပ်ခွင့်ရခဲ့သော်လည်း ခြောက်နှစ်အကြာတွင် အိမ်ပေါ်မှနှင်ထုတ်ခံလိုက်ရကာ ဘာတွေဆက်ဖြစ်သွားလည်းဆိုတာ ...........