Part(1)မုန်းသည်...သို့သော်...❤️🔥
"ဟိတ်မပြေးနဲ့လေ.....နင်ပြေးလည်းလွတ်မှာမှမဟုတ်တာ....ဟားဟားဟား..."
မိုးရေထဲအသည်းအသန်ပြေးလွှားနေသောမိန်းမပျိုတစ်ယောက်......
သူမနောက်ကို လိုက်နေကြသောလူတစ်စု....
" အမလေး!!..."ချော်လဲသွားသောသူမ....
မိန်းမပျိူလေးသည် သူမအနားကပ်လာသော ယောက်ျားကြီးများအား လက်အုပ်ချီလိုက်ပြီး
" ကျွန်မကိုလွှတ်ပေးကြပါရှင့်...... ကျွန်မဘာမှမခိုးထားပါဘူး....ကျွန်မကိုယုံပါ...."
" ဘာကိစ္စယုံရမှာလည်း..... နင့်လိုဆင်းရဲမွဲတေတဲ့သူက မမလေးရဲ့ တန်ဖိုးကြီးတဲ့ဆွဲကြိုးကိုခိုးထားမှာပဲ.... လာခဲ့နင့်ကို မမလေးဆီခေါ်သွားမယ်...."
ယောကျာ်းကြီးတစ်ယောက်သည်မိန်းမပျိုလေး၏ အကျီစကိုဆွဲလိုက်ပြီး တရွတ်တိုက်ဆွဲခေါ်သွားတော့သည်။
" မလုပ်ပါနဲ့ရှင်.... ကျွန်မကိုမမလေးဆီမခေါ်သွားပါနဲ့....ကျွန်မ မမလေးကိုကြောက်တယ်....."
ယောကျာ်းကြီးများသည် မိန်းမလေးတောင်းပန်သည်ကိုဂရုမစိုက်ဘဲ ထိုမိန်းမပျိုလေးအားမြေကြီးပေါ်တရွတ်တိုက်ဆွဲခေါ်သွားဆဲ.....
$$$$$$$$$$$$$$$$$
" ဟင့်...!!"
ကြွေပြားပေါ်သို့တွန်းချခြင်းခံလိုက်ရသောမိန်းမပျိုလေး......
အောက်ခံမှာကြွေပြားဖြစ်၍ ဒူးပွန်းသွားရသည်။" ဒေါက်..!!ဒေါက်..!!.ဒေါက်!!.."
ဒေါက်ဖိနပ်သံ....
ထိုအသံကြားသည်နှင့်မိန်းမပျိုလေးသည်ကြောက်လွန်း၍ လက်ဖျားများအေးစက်ကာဒူးများပင်တုန်လာခဲ့သည်။
အသံပိုင်ရှင်ကိုမော့မကြည့်ရဲ.....
အိမ်ကြီးရှင်သခင်မကြီးရဲ့တစ်ဦးတည်းသောမြေးမလေး ဧကရီ သည် နာမည်နှင့်လိုက်ဖက်စွာ ရွှေဘုံနန်းစံရသည့်ကံကောင်းသူဖြစ်သည်။ ဧကရီသည် သူမအမိန့်မရဘဲနဲ့သူမအားမော့ကြည့်သူအား
ဆိုးရွားသောအပြစ်အမျိုးမျိုးပေးသောကြောင့်ဖြစ်သည်။
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."