" သစ္စာ... နင်တစ်ညလုံးဘယ်ပျောက်နေတာလဲ...အခန်းကိုပြန်မလာဘူးနော်...."
ဧကရီသည် အ၀တ်အစားပရိုဖရဲဖြင့်အခန်းထဲသို့၀င်လာသောသစ္စာအားမေးလိုက်ခြင်းဖြစ်သည်။
ဂနာမငြိမ်သောမျက်လုံးများဖြင့်ဧကရီ့အား အားနာစွာကြည့်နေသောသစ္စာ.....
" ဟဲ့သစ္စာ.... ငါမေးနေတယ်လေ... ဘာလို့ငါ့ကိုကြောင်တောင်တောင်ကြီးစိုက်ကြည့်နေတာလဲ ....ညကဘယ်မှာအိပ်တာလဲလို့..."
" ငါ.... ငါဟိုဘက်အခန်းကမိန်းကလေး တွေနဲ့အိပ်လိုက်တာ...."
" အေးပြီးရော.... လင်နောက်လိုက်သွားပြီလားလို့...."
" ဟာ.... ဘယ်ကသာ..."
ကြယ်စင်သည် ဧကရီတို့အနားရောက်လာပြီး
" ဒီနေ့ဘယ်သွားလည်ကြမလဲ...."
" ပြင်ဦးလွှင်ရဲ့အကျော်ကြားဆုံးပန်းဥယျာဉ်ကိုသွားလည်ကြမယ်လေ..."
" အင်းကောင်းသားပဲ....ကားကအဆင်သင့်ဖြစ်ပြီလား...ကျန်တဲ့အဖွဲ့သားတွေကိုလည်းခေါ်ဦးနော်..."
" အော်သိပါတယ်ကြယ်စင်ရဲ့....လူမစုံခင် ဒီကောင်မသစ္စာကိုရေအရင်ချိုးစေဦး....တစ်ညလုံးဘယ်ချုံတိုးလာလဲမသိဘူး....နံစော်နေတာပဲ..."
သစ္စာသည်ဧကရီ့အားမျက်စောင်းထိုးလိုက်ပြီး
" အေးပါဧကရီရယ်...ငါရေအမြန်ချိုးလိုက်ပါ့မယ်...."
သစ္စာသည်ရေချိုးခန်းထဲ၀င်သွားလေသည်။
ဧကရီသည် ပိုင်ဖြိုးကျော်နှင့်အတူအလည်အပတ်သွားရမည်ဖြစ်၍ ပြုံးလိုက်လေသည်။ထိုအပြုံးလေးအားမြင်လိုက်သောကြယ်စင်....
" ဧကရီ... ဘာတွေတွေးပြီးပြုံးနေတာလဲ...."
ဧကရီသည်ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး...
" ဪ... ပိုင်နဲ့အတူသွားရမှာမိုလို့တွေးပြီးပြုံးလိုက်တာပါ...."
ချိုမြိန်လှသောအပြုံးလေးတစ်ပွင့်သည် တန်ဖိုးမရှိသောနှာဘူးကောင်အတွက် ဖြစ်သည်ကို ကြယ်စင်မုန်းမိသည်။
" ဧကရီ..."
" ဟင်... ပြောလေကြယ်စင်...."
" နင်... နင်ပိုင်ဖြိုးကျော်ကိုတကယ်ကြိုက်နေတာလား..."
YOU ARE READING
မုန်းသည်...သို့သော်...❤️🔥
Romance" နင့်ဆီမှာငါကျန်နေတဲ့ အပြစ်တွေ ၀ဋ်ကြွေးတွေအကုန်ကျေပြီလို့မှတ်လိုက်တော့....ငါ့ခန္ဓာကိုယ်...ငါ့ဘ၀အကုန်လုံးငါနင့်ကိုပေးဆပ်ခဲ့ပြီးပြီး...ငါတို့နောက်ထပ်တွေစရာဘာအကြောင်းမှမရှိတော့ဘူး..."